
AI Summary
အာဆင်နယ်နှင့် မန်ယူတိုက်စစ်မှူးဟောင်း ရော်ဘင်ဗန်ပါစီသည် နယ်သာလန်ကလပ် ဖီယင်နုအသင်း၏ နည်းပြရာထူးမှ ထုတ်ပယ်ခံလိုက်ရသည်။ ၎င်းသည် ၂၀၂၅ ဖေဖော်ဝါရီလတွင် မိခင်ကလပ်သို့ ပြန်လာပြီး ၁၆ လကြာ နည်းပြအဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။ ဗန်ပါစီသည် ဖီယင်နုကို ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်ရာသီတွင် ဆုဖလားတစ်လုံးမှ မရရှိခဲ့ပေ။ ဖီယင်နုနည်းပညာဒါရိုက်တာ၏ ပြောကြားချက်အရ အသင်း၏ ကစားဟန်နှင့် ရလဒ်များသည် ပြည်တွင်းလိဂ်နှင့် ဥရောပပွဲများတွင် တဖြည်းဖြည်း ကျဆင်းလာသောကြောင့် နည်းပြအသစ်ဖြင့် ရာသီသစ်ကို စတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အသက် ၄၂ နှစ်အရွယ် ဗန်ပါစီသည် ဖီယင်နုကို ၅၈ ပွဲ ကိုင်တွယ်ခဲ့ရာတွင် နိုင်ပွဲ ၃၀ နှင့် ရှုံးပွဲ ၁၉ ပွဲ ရှိခဲ့သည်။ လက်ရှိတွင် ၎င်းသည် နောက်ထပ်ရွေးချယ်စရာ နည်းပြအလုပ်များကို ဆက်လက်ရှာဖွေနေကြောင်း သိရသည်။

အာဆင်နယ်နဲ့ မန်ယူတိုက်စစ်မှူးဟောင်း ရော်ဘင်ဗန်ပါစီဟာ နယ်သာလန်ကလပ် ဖီယင်နုအသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။
သူဟာ ၂၀၂၅ ဖေဖော်ဝါရီလကမှ မိခင်ကလပ်ဆီ ပြန်လာပြီး နည်းပြအဖြစ် ၁၆ လကြာ တာဝန်ယူခဲ့တာပါ။
ဗန်ပါစီဟာ ဖီယင်နုကို ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ရာသီမှာတော့ ဆုဖလားတလုံးမှ မရခဲ့ဘဲ ဗလာနဲ့ အဆုံးသတ်ခဲ့ရပါတယ်။
ဖီယင်နုနည်းပညာဒါရိုက်တာ ဒီဗီရီဂိုးကတော့ အသင်းရဲ့ ကစားဟန်နဲ့ ရလဒ်ပိုင်းဟာ ပြည်တွင်းလိဂ်ရော ဥရောပပွဲတွေမှာပါ တဖြည်းဖြည်း ကျဆင်းလာတာကြောင့် ရာသီသစ်မှာ နည်းပြသစ်နဲ့ စတင်ဖို့ ဆုံးဖြတ်ခဲ့တာလို ဆိုပါတယ်။
အသက် ၄၂ နှစ်အရွယ် ဗန်ပါစီဟာ ဖီယင်နုကို ၅၈ ပွဲ ကိုင်တွယ်ရာမှာ နိုင်ပွဲ ၃၀ ရခဲ့ပြီး ရှုံးပွဲ ၁၉ ပွဲ ရှိခဲ့ပါတယ်။
လက်ရှိမှာတော့ သူဟာ နောက်ထပ်ရွေးချယ်စရာ နည်းပြအလုပ်တွေကို ဆက်ပြီး စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။