နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်
politics||2 MIN READ

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

Back to News

AI Summary

သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်။ ဤဖြစ်ရပ်သည် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်နယ်မြေဖြစ်သော နမ္မတူမြို့နယ်အတွင်း ဇွန်လ ဒုတိယပတ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒေသခံများသည် ထပ်မံဗုံးကြဲတိုက်ခိုက်ခံရမည်ကို စိုးရိမ်နေကြပြီး စစ်ကောင်စီတပ်များ ဝင်ရောက်လာကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကိုလည်း ကြောက်ရွံ့နေကြသည်။ ထိုသို့ လေယာဉ်ပျံသန်းမှုကြောင့် နမ္မတူမြို့နယ်ရှိ တအာင်းပြည်ပညာရေးကောင်စီ (TLEC) မှ ဖွင့်လှစ်ထားသော စာသင်ကျောင်းများကို ယာယီပိတ်ထားခဲ့ရပြီး စာမေးပွဲများကိုလည်း လုံခြုံရေးအခြေအနေအရ ရက်ရွှေ့ဆိုင်းခဲ့ရသည်။ ယမန်နေ့က ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း စာမေးပွဲရက်ရွှေ့ဆိုင်းမှုများ ရှိနေဆဲဖြစ်ပြီး ဒေသခံများ၏ စိုးရိမ်မှုများလည်း မပြေလည်သေးကြောင်း သိရသည်။

သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက ပြောသည်။

“ရှေ့ရက်က Y-12 လေယာဉ် လာဝဲတော့ ဒီကလူတွေ အကုန်လုံး ကြောက်နေတာ။ TLEC စာသင်ကျောင်းက စာမေးပွဲ ဖြေနေတာလည်း ခနနားလိုက်ရတယ်။ မနေ့က ကျောင်းတွေ ပြန်ဖွင့်ပေမယ့် စာမေးပွဲတော့ ရက်ရွှေ့လိုက်တယ် ကြားတယ်။ ဗုံးကြဲခံရမှာနဲ့ အဓိကတော့ စကစ ဝင်လာပြီး တိုက်ပွဲ ပြန်ဖြစ်မှာ ကြောက်တာ” ဟု နမ္မတူဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ စစ်တပ်လေယာဉ် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် နမ္မတူမြို့နယ်ရှိ အထက(၁)၊ အထက(၂)၊ အလက(၂) နှင့် အမက-ဆိုက်ခေါက်တို့တွင် တအာင်းပြည်ပညာရေးကောင်စီ TLEC မှ ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများကို ယာယီပိတ်ထားခဲ့ရပြီး ယမန်နေ့ (ဇွန်လ ၈ ရက်) တွင် ကျောင်းပြန်ဖွင့်သော်လည်း စာမေးပွဲဖြေဆိုမှုကို လုံခြုံရေး အခြေအနေအရ ရက်ပြောင်းရွှေ့ထားရကြောင်း အဆိုပါဒေသခံအမျိုးသားက ဆက်ပြောသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်နှင့် ၁၃ ရက်တွင် တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်ပေးမှုဖြင့် TNLA နှင့် စစ်တပ် နှစ်ဘက်ကိုယ်စားလှယ်များ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံခဲ့စဉ် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့၊ နမ္မတူမြို့၊ မိုင်းလုံမြို့နှင့် မိုင်းငေါ့မြို့ (၄) မြို့တို့ကို ၁ လအတွင်း ထပ်မံ တပ်ဆုတ်ခွာပေးရန် စစ်တပ်ကိုယ်စားလှယ်ဘက်မှ တောင်းဆိုခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ဆက်စပ်သတင်းများ

AI Curated
နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့် | YGN Daily