RSF သတင်းလွတ်လပ်ခွင့်ဆုပေးပွဲတွင် မြန်မာဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် သတ္တိရှင်ဆု ချီးမြှင့်ခံရ - BUR.MIZZIMA.COM
myanmar||4 MIN READ

RSF သတင်းလွတ်လပ်ခွင့်ဆုပေးပွဲတွင် မြန်မာဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် သတ္တိရှင်ဆု ချီးမြှင့်ခံရ - BUR.MIZZIMA.COM

AI Summary

လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ခဲ့ခြင်းကြောင့် ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရသော မြန်မာဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်သည် ဇွန်လ ၁ ရက်နေ့က ပြင်သစ်နိုင်ငံ မာဆေးလ်မြို့တွင် ကျင်းပသည့် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ သတင်းလွတ်လပ်ခွင့်ဆုပေးပွဲ၌ သတ္တိရှင်ဆု (Courage Prize) ချီးမြှင့်ခံခဲ့ရသည်။ ၎င်းသည် ၂၀၂၃ ခုနှစ် မေလတွင် ရခိုင်ပြည်နယ်၌ မုန်တိုင်းအခြေအနေ သတင်းယူစဉ် ဖမ်းဆီးခံခဲ့ရပြီး စစ်ခုံရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ခြင်းဖြစ်သည်။ ကိုစိုင်းဇော်သိုက်သည် ၂၀၁၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်လာခဲ့သူဖြစ်သည်။ လက်ရှိတွင် ၎င်းကို ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ထိန်းသိမ်းထားပြီး ထောင်အာဏာပိုင်များ၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံနေရကြောင်း RSF ၏ သတင်းများအရ သိရသည်။ ဤဆုပေးပွဲတွင် ကိုစိုင်းဇော်သိုက်အပြင် မိုဇမ်ဘစ်၊ အာဂျင်တီးနား၊ ဂီနီနှင့် ဂါဇာတို့မှ အခြားဆုရရှိသူများကိုလည်း ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ RSF ၏ သတင်းလွတ်လပ်ခွင့်ဆုသည် ကမ္ဘာတဝှမ်း သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ရန်နှင့် မြှင့်တင်ရန် သိသာထင်ရှားသော အထောက်အကူပြုမှုများ လုပ်ဆောင်ခဲ့သည့် သတင်းထောက်များနှင့် မီဒီယာတိုက်များကို ဂုဏ်ပြုခြင်းဖြစ်သည်။

ဓာတ်ပုံ – လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ခဲ့သည့်အတွက် ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရသော မြန်မာဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် သည် ဇွန်လ ၁ ရက်နေ့က မာဆေးလ်မြို့တွင် ကျင်းပသည့် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ သတင်းလွတ်လပ်ခွင့်ဆုပေးပွဲ အခမ်းအနားတွင် သတ္တိရှင်ဆု (Courage Prize) ချီးမြှင့်ခြင်း ခံခဲ့ရသည်။ (Image – RSF)

မဇ္ဈိမ ။ ။ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ခဲ့သည့်အတွက် ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရသော မြန်မာဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် သည် ဇွန်လ ၁ ရက်နေ့က မာဆေးလ်မြို့တွင် ကျင်းပသည့် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ သတင်းလွတ်လပ်ခွင့်ဆုပေးပွဲ အခမ်းအနားတွင် သတ္တိရှင်ဆု (Courage Prize) ချီးမြှင့်ခြင်း ခံခဲ့ရသည်။

(၇၇) ကြိမ်မြောက် ကမ္ဘာ့သတင်းမီဒီယာ ညီလာခံ၏ အစိတ်အပိုင်းတခုအဖြစ် မာဆေးလ်မြို့ရှိ Palais du Pharo တွင် ကျင်းပခဲ့သည့် (၃၄) ကြိမ်မြောက် RSF သတင်းလွတ်လပ်ခွင့်ဆုပေးပွဲတွင် ကိုစိုင်းဇော်သိုက် နှင့်အတူ မိုဇမ်ဘစ်၊ အာဂျင်တီးနား၊ ဂီနီ နှင့် ဂါဇာတို့မှ အခြားသော ဆုရရှိသူများကိုလည်း ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

ကိုစိုင်းဇော်သိုက် သည် ၂၀၁၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်လာခဲ့သူ ဖြစ်သည်။

၂၀၂၃ ခုနှစ် မေလတွင် မြန်မာနိုင်ငံ၌ အင်အားပြင်းဆိုင်ကလုန်း မုန်တိုင်းတခုကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးဆုံးရှုံးမှုများကို သတင်းယူရန် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့စဉ် ဖမ်းဆီးခံခဲ့ရသည်။ ထို့နောက် စစ်ခုံရုံးက သူ့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သည်။

လက်ရှိတွင် သူ့ကို ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ထိန်းသိမ်းထားပြီး ထောင်အာဏာပိုင်များ၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံနေရကြောင်း RSF ၏ သတင်းများအရ သိရသည်။

အခြားဆုရရှိသူများမှာ – တရားမဝင် သတ္တုတူးဖော်ရေးကို စုံစမ်းစစ်ဆေးပြီးနောက် ၂၀၂၆ ခုနှစ် (မူရင်းအတိုင်း) ဖေဖော်ဝါရီလတွင် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုမှ လွတ်မြောက်လာခဲ့သည့် မိုဇမ်ဘစ်နိုင်ငံ STV ရုပ်သံလိုင်းမှ သတင်းထောက် Carlitos Cadangue (Impact Prize)၊ နှောင့်ယှက်မှုများနှင့် သတင်းမှား ဖြန့်ဝေမှုများကို ရင်ဆိုင်နေရသော်လည်း လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေသည့် အာဂျင်တီးနားနိုင်ငံ Futurock လွတ်လပ်သော မီဒီယာတည်ထောင်သူ Julia Mengolini (Independence Prize)၊ ပါလက်စတိုင်းဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို မှတ်တမ်းတင်ထားသည့် “Gaza’s Agony: War, Hunger, and Loss” ဓာတ်ပုံစီးရီးဖြင့် အသိအမှတ်ပြုခံရသူ ဂါဇာအခြေစိုက် ဓာတ်ပုံဆရာ Abdul Hakim Abu Riash (Lucas Dolega-SAIF Photo Prize) နှင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ပြန်ပေးဆွဲခံခဲ့ရပြီး ယခုထက်ထိ ပျောက်ဆုံးနေဆဲဖြစ်သည့် ဂီနီနိုင်ငံမှ စုံစမ်းစစ်ဆေးရေး သတင်းထောက် Habib Marouane Camara (Mohamed Maïga African Investigative Journalism Prize) တို့ ဖြစ်ကြသည်။

RSF ၏ အဆိုအရ သတင်းလွတ်လပ်ခွင့်ဆုသည် ကမ္ဘာတဝှမ်း သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ရန်နှင့် မြှင့်တင်ရန်အတွက် သိသာထင်ရှားသော အထောက်အကူပြုမှုများ လုပ်ဆောင်ခဲ့သည့် သတင်းထောက်များနှင့် မီဒီယာတိုက်များကို ဂုဏ်ပြုခြင်း ဖြစ်သည်။

ယခုနှစ် ဆုရွေးချယ်ရေးအဖွဲ့တွင် ပြင်သစ်သတင်းထောက်နှင့် နိုင်ငံရေးဝေဖန်သုံးသပ်သူ RSF ဥက္ကဋ္ဌ Pierre Haski ဦးဆောင်သည့် ကမ္ဘာတဝှမ်းမှ သတင်းထောက်များ၊ သတင်းလွတ်လပ်ခွင့် လှုပ်ရှားသူများနှင့် ဓာတ်ပုံသတင်းထောက်များ ပါဝင်ခဲ့ကြသည်။

စာတည်း။ ။ နောင်နောင်

ဆက်စပ်သတင်းများ

AI Curated
RSF သတင်းလွတ်လပ်ခွင့်ဆုပေးပွဲတွင် မြန်မာဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် သတ္တိရှင်ဆု ချီးမြှင့်ခံရ - BUR.MIZZIMA.COM | YGN Daily