ကမ္ဘာ့ဖလားပွဲ အခမဲ့ကြည့်ခဲ့သဖြင့် နယူးယောက်ခ်မြို့တော်ဝန် ဝေဖန်ခံရ
politics||2 MIN READ

ကမ္ဘာ့ဖလားပွဲ အခမဲ့ကြည့်ခဲ့သဖြင့် နယူးယောက်ခ်မြို့တော်ဝန် ဝေဖန်ခံရ

DVB
SourceDVB
Back to News

AI Summary

နယူးယော့ခ်မြို့တော်ဝန် ဇိုရန်းန်မမ်ဒါနီသည် MetLife ကွင်း၌ ကျင်းပသည့် ကမ္ဘာ့ဖလားပွဲစဉ်တစ်ခုကို ဇိမ်ခံခန်းမှ အခမဲ့ကြည့်ရှုခဲ့ခြင်းကြောင့် ပြည်သူများ၏ ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ မြို့တော်ဝန်ကိုယ်တိုင်က ပြည်သူများအတွက် လက်မှတ်များ မဲဖောက်ပေးခဲ့သော်လည်း မိမိကိုယ်တိုင် အခမဲ့ကြည့်ရှုခဲ့ခြင်းမှာ ဆိုရှယ်လစ်တစ်ဦး၏ လုပ်ရပ်နှင့် မလျော်ကန်ကြောင်း ဝေဖန်သူများက ထောက်ပြကြသည်။ အဆိုပါပွဲစဉ်အတွက် လက်မှတ်ခမှာ ဒေါ်လာထောင်နှင့်ချီ၍ ဈေးကြီးမြင့်နေခြင်းက ဝေဖန်မှုများကို ပိုမိုအားကောင်းစေခဲ့သည်။ မြို့တော်ဝန်၏ ပြောရေးဆိုခွင့်ရှိသူကမူ ၎င်းသည် အိမ်ရှင်မြို့၏ အမှုဆောင်အရာရှိချုပ်အနေဖြင့် တရားဝင်တာဝန်အရ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ခုခံပြောဆိုထားသည်။ လက်ရှိတွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။

ထင်ရှားသော ပြောကြားချက်များ

"မြို့တော်ဝန်ဟာ အိမ်ရှင်မြို့ရဲ့ အမှုဆောင်အရာရှိချုပ် အနေနဲ့ တရားဝင်တာဝန်အရ ပွဲတက်ရောက်ခဲ့တာပါ။"

Photo: Mayor Zohran Kwame Mamdani

နယူးယော့ခ်မြိုတော်ဝန် ဇိုရန်းန်မမ်ဒါနီဟာ MetLife ကွင်းမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲကို ဇိမ်ခံခန်း ကနေ အခမဲ့ ကြည့်ရှုခဲ့တာကြောင့် ပြည်သူတွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

မြို့တော်ဝန်ဟာ နယူးယော့ခ်ပြည်သူတွေအတွက် ကမ္ဘာ့ဖလားလက်မှတ် မဲဖောက်ပေးခဲ့သူ ဖြစ်ပါတယ်။

ဒါပေမဲ့ သူကိုယ်တိုင်ကတော့ ဘရာဇီးနဲ့ မော်ရိုကိုပွဲကို အခမဲ့ ကြည့်ခဲ့တာပါ။ ဒီကိစ္စကြောင့် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။

ပရိသတ်တွေအတွက် ပွဲလက်မှတ်တွေဟာ ဒေါ်လာထောင်နဲ့ချီကုန်ကျခဲ့တာပါ။ မြို့တော်ဝန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒိုရာပေးကစ်ချ်ကတော့ မြို့တော်ဝန်ဟာ အိမ်ရှင်မြို့ရဲ့ အမှုဆောင်အရာရှိချုပ် အနေနဲ့ တရားဝင်တာဝန်အရ ပွဲတက်ရောက်ခဲ့တာလို့ ပြောပါတယ်။

သူ့ဇနီး ရာမာဒူဝါဂျီကတော့ ကိုယ်ပိုင်လက်မှတ်ဖိုးပေးခဲ့ရတာ ဖြစ်ပါတယ်။ လူမှုကွန်ရက် အသုံးပြုသူတွေကတော့ ဆိုရှယ်လစ်တယောက်အနေနဲ့ ဒီလိုဈေးကြီးတဲ့ပွဲကို အခမဲ့ကြည့်တာ မသင့်တော်ဘူးလို ဝေဖန်နေကြပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ကမ္ဘာ့ဖလားပွဲ အခမဲ့ကြည့်ခဲ့သဖြင့် နယူးယောက်ခ်မြို့တော်ဝန် ဝေဖန်ခံရ | YGN Daily