ငဖဲမြို့နယ်၌ ဒုတပ်စိတ်မှူး အဆင့်ရှိသူ ပြည်သူ့စစ် ၁ ဦး အလင်းဝင်
politics||2 MIN READ

ငဖဲမြို့နယ်၌ ဒုတပ်စိတ်မှူး အဆင့်ရှိသူ ပြည်သူ့စစ် ၁ ဦး အလင်းဝင်

DVB
SourceDVB
Back to News

AI Summary

မကွေးတိုင်း ငဖဲမြို့နယ်တွင် စစ်မှုထမ်းနေရသည့် ဒုတပ်စိတ်မှူးတစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ဇွန်လ ၈ ရက်နေ့တွင် မင်းဘူးခရိုင်အမှတ် ၈ တပ်ရင်းထံ အလင်းဝင်ရောက်လာခဲ့သည်။ အဆိုပါသူသည် လမ်းတွင် မတရားပေါ်တာဆွဲခံရပြီးနောက် စစ်မှုထမ်းခဲ့ရခြင်းဖြစ်ကာ လက်ရှိတွင် ၎င်းကို လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရန် စီစဉ်ပေးထားပြီး ဆုကြေးငွေပေးအပ်ရန်လည်း စီစဉ်လျက်ရှိသည်။ အလင်းဝင်လာသူသည် မိသားစုထံ ပြန်မည် သို့မဟုတ် တော်လှန်ရေးတွင် ပူးပေါင်းမည်ကို စဉ်းစားနေဆဲဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် စစ်တပ်လက်အောက်ခံများအား ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးခိုလှုံကြရန် တပ်ရင်းဘက်က တိုက်တွန်းထားသည်။

ထင်ရှားသော ပြောကြားချက်များ

"ငဖဲအခြေစိုက် အမြောက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၅) လက်အောက်ခံ ခမရ ၅၆၂ ထဲမှာ မတရားပေါ်တာဆွဲခံ ရပြီး စစ်မှုထမ်းနေရတဲ့ ဒုတပ်စိတ်မှူးအဆင့်သူ ကိုအောင်မင်းဦးက ကျနော်တို့တပ်ရင်းကို ဆက်သွယ်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာတာပါဗျ"

"သူ့ဇာတိက မ​န္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ထဲကပါ။ အလုပ်သွားရင်းလမ်းမှာ မတရားပေါ်တာဆွဲခံရပြီး စစ်မှုထမ်း နေရသူပါ။ သူ့မိသားစုဆီပြန်မလား၊ ကျနော်တို့နဲ့ ပူးပေါင်းပြီး စစ်တပ်ကို ပြန်တိုက်မလားဆိုတာ တော့ သူစဥ်းစားနေပါတယ်"

Photo: မင်းဘူးခရိုင်အမှတ် ၈ တပ်ရင်း (Wolf)

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ဒုတပ်စိတ်မှူး အဆင့်ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင် တယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဇွန် ၈ ရက်က အလင်းဝင်ရောက်လာတယ်လို့ မင်းဘူးခရိုင်အမှတ် ၈ တပ်ရင်း (Wolf) က ဇွန် ၁၁ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

မင်းဘူးခရိုင်အမှတ် ၈ တပ်ရင်း (Wolf) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ငဖဲအခြေစိုက် အမြောက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၅) လက်အောက်ခံ ခမရ ၅၆၂ ထဲမှာ မတရားပေါ်တာဆွဲခံ ရပြီး စစ်မှုထမ်းနေရတဲ့ ဒုတပ်စိတ်မှူးအဆင့်သူ ကိုအောင်မင်းဦးက ကျနော်တို့တပ်ရင်းကို ဆက်သွယ်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာတာပါဗျ” လို့ ပြောပါတယ်။

ကိုယ်ပိုင်အမှတ် ပစ/၁၈၀၂၂၃ ဒုတပ်စိတ်မှူးအဆင့်ရှိသူ အောင်မင်းဦးဟာ MA2 သေနတ် ၁ လက်၊ MA3 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည် ၃၂၈ တောင့်၊ ကျည်အိမ် ၇ ခုနဲ့ Amour ၁ စုံတို့ ယူဆောင်ပြီး အလင်းဝင်ရောက်လာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မင်းဘူးခရိုင်အမှတ် ၈ တပ်ရင်း (Wolf) ရဲ့တာဝန်ရှိသူတယောက်က “သူ့ဇာတိက မ​န္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ထဲကပါ။ အလုပ်သွားရင်းလမ်းမှာ မတရားပေါ်တာဆွဲခံရပြီး စစ်မှုထမ်း နေရသူပါ။ သူ့မိသားစုဆီပြန်မလား၊ ကျနော်တို့နဲ့ ပူးပေါင်းပြီး စစ်တပ်ကို ပြန်တိုက်မလားဆိုတာ တော့ သူစဥ်းစားနေပါတယ်” လို့ DVB  ပြောပါတယ်။

လက်နက်ခဲယမ်းတွေယူဆောင်ပြီးအလင်းဝင်လာတဲ့ ကိုအောင်မင်းဦးကို လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်ဖို့ စီစဥ်ဆောင်ရွက်ပေးထားပြီး ဆုကြေးငွေပေးအပ်ဖို့လည်း စီစဥ်ဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်အာဏာရှင်လက်အောက်မှာ ကျန်ရှိနေသေးတဲ့ စစ်တပ်လက်အောက်ခံတွေအနေနဲ့လည်း အမြန်ဆုံးအလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့နဲ့ အလင်းဝင်ရောက်လာသူတွေအတွက် လူ့အခွင့်အရေးအပြည့်အဝရရှိစေဖို့ တာဝန်ယူတယ်လို့ မင်းဘူးခရိုင်အမှတ် ၈ တပ်ရင်း (Wolf) က တိုက်တွန်းဖိတ်ခေါ်ထားပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ငဖဲမြို့နယ်၌ ဒုတပ်စိတ်မှူး အဆင့်ရှိသူ ပြည်သူ့စစ် ၁ ဦး အလင်းဝင် | YGN Daily