လဲချားတွင် PNO က ရှမ်းလူငယ်များကို ဖမ်းဆီးပြီး ငွေဖြင့်ပြန်ရွေးခိုင်း
general||3 MIN READ

လဲချားတွင် PNO က ရှမ်းလူငယ်များကို ဖမ်းဆီးပြီး ငွေဖြင့်ပြန်ရွေးခိုင်း

DVB
SourceDVB
Back to News

AI Summary

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ပုံတိုက်ကျေးရွာအုပ်စုမှ ရှမ်းလူငယ် ၁၉ ဦးကို PNO ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးကာ ငွေကျပ်သိန်း ၁,၉၀၀ ဖြင့် ပြန်ရွေးခိုင်းခဲ့သည်။ PNO အဖွဲ့ထဲ စစ်မှုထမ်းရန် သို့မဟုတ် စစ်မှုမထမ်းလိုပါက တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ စီ ပေးရန် ၎င်းတို့က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အသက် ၂၀ မှ ၃၅ နှစ်ကြားရှိ ဖမ်းဆီးခံရသူ လူငယ်များနှင့် ၎င်းတို့၏ လက်လုပ်လက်စား မိသားစုဝင်များ ထိခိုက်နစ်နာခဲ့ကြသည်။ မိသားစုများက ပထမအရစ်အဖြစ် ငွေကျပ်သိန်း ၅၀၀ ကို အတိုးဖြင့်ချေးယူကာ ပစ္စည်းများ ပေါင်နှံ၍ ပေးခဲ့ရပြီး ကျန်ရှိသည့် သိန်း ၁,၄၀၀ ကို တစ်လအတွင်း ထပ်မံပေးသွင်းရန် ခက်ခဲနေသည်။ ဤဖြစ်စဉ်ကြောင့် ကျေးရွာအတွင်း စိုးရိမ်မှုများ မြင့်တက်နေပြီး မိသားစုများမှာလည်း ကြီးမားသော ငွေကြေးဝန်ထုပ်ဝန်ပိုးနှင့် ကြုံတွေ့နေရသည်။ ဖမ်းဆီးခံရသူများကို မေလ ၃၀ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း သတ်မှတ်ငွေများကို အချိန်မီမပေးနိုင်ပါက ပြန်လည်ဖမ်းဆီးကာ PNO ဌာနချုပ်သို့ ပို့ဆောင်၍ စစ်မှုထမ်းခိုင်းမည်ဟု ခြိမ်းခြောက်ထားသည်။

Photo : မောင်းမွူးခံ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ပုံတိုက်ကျေးရွာအုပ်စုက ရှမ်းလူငယ် ၁၉ ယောက်ကို PNO ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ်သိန်း ၁,၉၀၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ် လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီရွာသားတွေကို မေ ၂၉ ရက် ညပိုင်းမှာ လွယ်ဆန်းဒေသအခြေစိုက် PNO အဖွဲ့က ဖမ်းဆီး ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ PNO အဖွဲ့ထဲ စစ်မှုထမ်းရမယ်လို့ ပြောဆိုခဲ့တယ်လို့ ဒေသခံ တွေက ဆိုပါတယ်။

စစ်မှုမထမ်းချင်ဘူးဆိုရင်တော့ တယောက်ကို ငွေကျပ်သိန်း ၁၀၀ စီ ပေးဖို့ သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက သွားရောက်ညှိနှိုင်းခဲ့တာမှာ ပထမအရစ်အဖြစ် ငွေကျပ် သိန်း ၅၀၀ ပေးခဲ့ပြီး ကျန်တဲ့ငွေတွေကို တလအတွင်း ပေးသွင်းမယ်ဆိုတဲ့ ခံဝန်ချက်နဲ့ ပြန်ခေါ် လာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “ဖမ်းခံရတဲ့သူတွေကို ပြန်ခေါ်ဖို့ မိသားစုတွေက အတိုးနဲ့ငွေချေးပြီး ရှိသမျှပစ္စည်းတွေ ပေါင်နှံခဲ့ရတယ်။ ငွေတွေ တခါတည်း အကြေမပေးနိုင်လို့ မိသားစုတွေက နှစ်ခေါက်ခွဲပေးဖို ညှိနှိုင်းခဲ့ရတယ်။ ပထမအရစ် သိန်း ၅၀၀ ပေးပြီးပေမဲ့ သိန်း ၁,၄၀၀ ကျန်နေသေးတယ်။ အဲဒီငွေကို ထပ်ရှာဖို့က တော်တော်ခက်ခဲနေပါတယ်” လို့ ပြောပါတယ်။

မေ ၃၀ ရက်မှာ ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးခဲ့ပေမဲ့ သတ်မှတ်ထားတဲ့ငွေတွေကို အချိန်မီ မပေးနိုင်ရင် ပြန်ဖမ်းပြီး PNO ဌာနချုပ်ကို ပို့ဆောင်စစ်မှုထမ်းခိုင်းမယ်လို့ ပြောထားကြောင်း နီးစပ်သူတွေက ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတယောက်က “ရွာက မိသားစုအများစုက လက်လုပ်လက်စား တွေပါ။ ပထမအရစ် သိန်း ၅၀၀ ကိုတောင် အနိုင်နိုင် စုဆောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။ ကျန်တဲ့ ငွေတွေကို တလအတွင်း ထပ်ပေးဖို့ဆိုတာ မိသားစုတွေအတွက် အရမ်းကြီးတဲ့ ဝန်ထုပ်ဝန်ပိုးတခု ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ အသက် ၂၀ ကနေ ၃၅ နှစ်ကြား ရှမ်းလူငယ်တွေဖြစ်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ကြောင့် ကျေးရွာအတွင်း စိုးရိမ်မှုတွေ မြင့်တက်နေသလို မိသားစုတွေလည်း ငွေကြေး အခက်အခဲ ပိုကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း ပင်လောင်းမြို့နယ်က ဒေသခံလူငယ် ၄ ယောက်ကို PNO ပြည်သူ့စစ်က ဖမ်းဆီးပြီး တယောက်ကို ၃၅ သိန်းစီနဲ့ ပြန်ရွေးခိုင်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
လဲချားတွင် PNO က ရှမ်းလူငယ်များကို ဖမ်းဆီးပြီး ငွေဖြင့်ပြန်ရွေးခိုင်း | YGN Daily