
ရီးရဲလ်မက်ဒရစ်အသင်းနှင့် နည်းပြမော်ရင်ဟို ၃ နှစ်စာချုပ်ချုပ်ဆို
AI Summary
ဝါရင့်နည်းပြ ဂျိုဆေးမော်ရင်ဟိုကို ရီးရဲလ်မက်ဒရစ်အသင်း၏ နည်းပြသစ်အဖြစ် ၃ နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီဟု BBC အားကစားသတင်းက ဖော်ပြသည်။ သို့သော် ဤစာချုပ်သည် ဇွန်လ ၇ ရက်နေ့တွင် ကျင်းပမည့် ကလပ်ဥက္ကဋ္ဌ ရွေးကောက်ပွဲ၌ လက်ရှိဥက္ကဋ္ဌ ဖလော်ရန်တီနိုပီရက်ဇ် ဆက်လက်အနိုင်ရမှသာ အတည်ဖြစ်မည်ဖြစ်သည်။ အသက် ၇၉ နှစ်အရွယ် ပီရက်ဇ်ကို ယှဉ်ပြိုင်သူရှိသော်လည်း ၎င်းအနိုင်ရရန် များနေကြောင်း သိရသည်။ ရီးရဲလ်အသင်းသည် ပြိုင်ဘက် ဘာစီလိုနာကို လာလီဂါဖလား ပေးလိုက်ရပြီး ၂၀၂၅-၂၆ ရာသီတွင် ဆုဖလားလက်မဲ့ ဖြစ်ခဲ့သောကြောင့် ဇန်နဝါရီလကမှ ခန့်ထားသည့် နည်းပြ အာဘီလိုအာနေရာတွင် မော်ရင်ဟိုကို အစားထိုးရန် စီစဉ်ခြင်းဖြစ်သည်။ မော်ရင်ဟိုသည် ဘင်ဖီကာအသင်းမှ ထွက်ခွာလာခြင်းဖြစ်ပြီး ၂၀၁၀ မှ ၂၀၁၃ ခုနှစ်အထိ ရီးရဲလ်အသင်းကို ကိုင်တွယ်ခဲ့ဖူးသူလည်း ဖြစ်သည်။

အသက် ၆၃ နှစ်အရွယ် ဝါရင့်နည်းပြ ဂျိုဆေးမော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြသစ် အဖြစ် ၃ နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီလို့ BBC အားကစားသတင်းမှာ ဖော်ပြပါတယ်။
ဒါပေမဲ့ ဇွန်လ ၇ ရက်နေ့မှာလုပ်မဲ့ ကလပ်ဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ လက်ရှိဥက္ကဋ္ဌ ဖလော်ရန်တီနိုပီရက်ဇ် ဆက်ရှိနေမှသာ ဒီစာချုပ်က အတည်ဖြစ်မှာပါ။
အသက် ၇၉ နှစ်အရွယ် ပီရက်ဇ်ကို ယှဉ်ပြိုင်မဲ့သူ တယောက် ထွက်ပေါ်လာပေမဲ့ ပီရက်ဇ်ပဲ ဆက်လက် အနိုင်ရဖို့ များနေပါတယ်။
မော်ရင်ဟိုဟာ ဘင်ဖီကာအသင်းကနေ ထွက်ခွာလာတာဖြစ်ပြီး ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ ရီးရဲလ်အသင်းကို ကိုင်တွယ်ခဲ့ဖူးသူပါ။
ရီးရဲလ်အသင်းဟာ ပြိုင်ဘက် ဘာစီလိုနာကို လာလီဂါဖလား ပေးလိုက်ရပြီး ၂၀၂၅-၂၆ ရာသီမှာ ဆုဖလားလက်မဲ့ ဖြစ်ခဲ့တာကြောင့် ဇန်နဝါရီလကမှ ခန့်ထားတဲ့ နည်းပြ အာဘီလိုအာ နေရာမှာ မော်ရင်ဟိုကို အစားထိုးဖို့ စီစဉ်တာဖြစ်တယ်လို့ သတင်းတွေမှာ ဆိုပါတယ်။
Source:Reuters