
အင်းလေးတွင် လက်သမားခ တစ်နေ့ ကျပ် လေးသောင်းခွဲအထိရှိ ငလျင်ဒဏ်သင့် အိမ်အချို့ မပြုပြင်နိုင်သေး
AI Summary
အင်းလေးဒေသတွင် ၂၀၂၅ ခုနှစ် မတ်လက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေအိမ်အချို့နှင့် ဟိုတယ်အများစုမှာ လက်သမားခနှင့် ကုန်ဈေးနှုန်းများ မြင့်တက်နေမှုကြောင့် ယနေ့တိုင် ပြန်လည်ပြုပြင်နိုင်ခြင်းမရှိဘဲ ပိတ်ထားရဆဲဖြစ်သည်။ လက်သမားခ တစ်နေ့လျှင် ကျပ် ၄၅,၀၀၀ အထိရှိပြီး ဝါးအိမ်တစ်လုံးဆောက်ရန် ကျပ်သိန်း ၅၀ ခန့် ကုန်ကျကာ ဆန်နှင့် စက်လှေခများပါ မြင့်တက်နေသည်။ ထို့ပြင် မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရေမျက်နှာပြင် မြင့်တက်လာပြီး မိုးရာသီတွင် ရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပေါ်ကာ စိုက်ခင်းများ ပျက်စီးနိုင်သည့် အခြေအနေနှင့်လည်း ရင်ဆိုင်နေရသည်။ ၂၀၂၂ ခုနှစ်မှစ၍ ငလျင်၊ ရေကြီး၊ ရေခမ်း၊ လေပြင်းစသည့် သဘာဝဘေးအန္တရာယ်မျိုးစုံကို ဆက်တိုက်ကြုံတွေ့နေရခြင်းကြောင့် ဒေသခံများ၏ စားဝတ်နေရေး ပိုမိုခက်ခဲလာပြီး ခရီးသွားဧည့်သည်လည်း နည်းပါးလာသည်။ လက်ရှိတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိရောက်စွာ မဆောင်ရွက်နိုင်သေးဘဲ ဒေသခံများသည် စားဝတ်နေရေးပြဿနာများကိုသာ ဦးစားပေးဖြေရှင်းရန် ရုန်းကန်နေကြရသည်။
သျှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လက်သမားခ တစ်နေ့လျှင့် ကျပ်ငွေ လေးသောင်းခွဲအထိ ပေါက်ဈေး ရှိနေသဖြင့် ငလျင်ဒဏ်သင့်အိမ် အချို့ယနေ့ထိ ပြန်လည်မပြုပြင်နိုင်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အင်းလေးဒေသတွင် နေအိမ်များ ရာနှင့်ချီ ပျက်စီးခဲ့သည်။ အင်းလေးဒေသတွင် ကုန်ဈေးနှုန်းမြင့်တက်နေမှုကြောင့် ဝါးအိမ်တစ်လုံး ဆောက်လုပ်ရန် ကျပ်ငွေသိန်း ၅၀ခန့် ကုန်ကျနေပြီး မြေကားတစ်စီးလျှင်လည်း ကျပ်ငွေ ၃သိန်းအထိ ပေးနေရကြောင်း ဒေသခံများက ပြောသည်။ “အင်းလေးမှာ အိမ်တစ်လုံးဆောက်ရင် မလွယ်ဘူး၊ မြေထည့်ဖို့ ကားတစ်စီးကို သုံးသိန်း လက်သမားခက တစ်နေ့ ၄သောင်းခွဲ ဆိုတော့ အိမ်လည်းမပြင်နိုင်သေးဘူး၊ တချို့တွေကတော့ပြင်နေကြတယ်။ ကျနော်တို့ကတော့ စားဖို့တောင် အနိုင်နိုင်ဆိုတော့ မပြင်နိုင်သေးဘူး။”ဟု အင်းလေးဒေသခံ အမျိူးသားတစ်ဦးက ပြောသည်။ ထို့အပြင် အင်းလေးဒေသရှိ ဖွင့်လှစ်ထားသော ဟိုတယ်အများစုမှာလည်ူ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး၊ ပြုပြင်စရိတ်ကြီးမားသဖြင့် ယနေ့ထိမပြုပြင်နိုင်ဘဲ ပိတ်ထားဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ အင်းလေးတွင် ဆယ်ပြည်ပါ ဆန်တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းခြောက်သောင်း အထိပေးနေရပြီး စက်လှေခသည်လည်း ငွေကျပ် ၅သောင်း အနိမ့်ဆုံးရှိကြောင်းသိရသည်။ ဆက်လက်ပြီး အင်းလေးဒေတွင် မိုးရက်ဆက်ရွာသွန်းသောကြောင့် ရေမျက်နှာပြင် ၃လက်မခန့် အထိမြင့်တက်လာပြီး မိုးရာသီရောက်လျှင် ရေကြီးရေလျှံမှုများထပ်မံဖြစ်ပေါ်နိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း အင်းလေးဒသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ “မိုးနည်းနည်းရွာရင်တောင် ရေကတက်တယ်။ ရေအောက်က နုံးတွေက မဆယ်တာကြာတော့ အပေါ်ကိုမြင့်လာတာ။ မိုးရွာရင် စိုက်ခင်းအကုန်ရေမြုပ်တယ်။ ခရမ်းချဉ်သီးခင်းတို့ ပြောင်းခင်းတို့ဆိုလည်း အကုန်မြုပ်ကုန်တယ်။ ဒီနှစ်ဘာမှ မစားရလောက်ဘူး၊အရင်နှစ်ကလို ရေတွေထပ်ကြီးနိုင်တော့ ပြောင်းရွှေ့ဖို့လည်း ပြင်ထားရသေးတယ်။”ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။ ကုန်ဈေးနူန်းမြင့်တက်မှုကြောင့် အင်းလေဒေသသို့ လာရောက်သည့် ခရီးသွားဧည့်သည် နည်းပါးလာပြီး ခရီးသွားအမှီပြုဈေးရောင်း နေသူများမှာလည်း ယမန်နှစ်ထက် စားဝဝတ်နေရေး ပိုခက်ခဲလာကြောင်း ၎င်း အမျိူးသမီးက ပြောသည်။ အင်းလေးဒေသတွင် အမျိူးသမီးများ၏ တစ်နေ့လုပ်အားခ ငွေကျပ် (၈၀၀၀)သာ ရရှိပြီး၊ အမျိုးသားများမှာ အလုပ်ပေါ်မူတည်၍ တစ်နေ့လုပ်အားခ ငွေကျပ် (၁၅၀၀၀)အထိရရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစ၍ အင်းလေးဒေသတွင် သဘာဝဘေးဖြစ်သည့် ရေကြီးရေလျှံခြင်း၊ နွေရာသီတွင် ရေများခမ်းခြောက်ခြင်း လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်း၊ ငလျင်ဘေးဒဏ်အပါအဝင် သဘာဝဘေးအန္တရာယ်မျိုးစုံကို ဆက်တိုက်ကြုံတွေ့နေရကြောင်း သိရသည်။ ထိုအချိန်မှစ၍ အင်းလေးဒေသတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ မဆောင်ရွက်နိုင်သေးဘဲ ဒေသခံများမှာ စာဝတ်နေရေးပြဿနာများကိုသာ ဉီးစားပေး ဖြေရှင်းရန် ရုန်းကန်နေကြရကြောင်း သိရသည်။ promotion SHAN Membership ฿
19 ฿
169 /mo ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။ လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။ Related News Latest News အင်းလေးတွင် သဘာဝဘေဒဏ်ကြောင့် စပါးစိုက်ပျိုးမှု လျော့နည်းလာ သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် သဘာဝဘေး မကြာခဏကြုံတွေ့နေရသောကြောင့် စပါးစိုက်ပျိုးမှုများ လျော့နည်းလာကြောင်း သတင်းရရှိသည်။ အင်းလေးဒေသအတွင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အတွင်း ငလျင်ဒဏ်နှင့် ရေကြီး ရေလျှံမှုတို့ကြောင့် စပါးခင်း ဧက ရာချီ ပျက်စီးခဲ့ပြီး ဒေသခံများ စီးပွားရေးများစွာ ဆုံးရှုံးခဲ့ရသည်။ လွန်ခဲ့သည့် (၂)နှစ်... ခေတ်ကာလ အခြေအနေကို အခွင့်ကောင်းယူပြီး အင်းလေး တရားမဝင် ငွေတိုးချေးစားသူများက အဆမတန် အတိုးနှုန်းယူ သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများကို အခွင့်ကောင်းယူကာ ဒေသခံအချို့က တရားမဝင် ငွေတိုးချေးစေသည့် လုပ်ငန်းများကို လုပ်ဆောင်နေပြီး ငွေကြေးချေးယူသူများအပေါ် အနိုင်အထက် ပြုကျင့်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။ အင်းလေးဒေသ ဟဲယာရွာမကျေးရွာအုပ်စုအတွင်းရှိ ရှေ့ရပ်ကြီးရပ်ကွက်တွင် နေထိုင်သည့် မိသားစုနှစ်စုသည် တရားဝင်လိုင်စင်ရ အပေါင်ဆိုင်များ... မောက်မယ်မြို့နယ်တိုက်ပွဲဖြစ်ပြီး၊ PNO က စစ်မှုထမ်းအသည်းအသန် ခေါ်ယူနေ သျှမ်းပြည် တောင်ပိုင်း မောက်မယ်မြို့နယ် အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) နှင့် ပအိုဝ်းပြည်သူ့စစ် (PNA/PNO)တို့ တိုက်ပွဲဖြစ်ပြီးနောက် PNOက စစ်မှုထမ်း အသည်းအသန်း ထပ်မံခေါ်ယူနေကြောင်း သတင်းရရှိသည်။ အဆိုပါ PNA/PNO သည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အတွင်းနေထိုင်သူများကို အဓိက ပစ်မှတ်ထားခေါ်ယူနေသည်။ “အရင်က PNOထံမှာ စစ်သင်တန်း သွားတက်ထားတဲ့... ရွေးကောက်ပွဲအပြီး အင်းလေးတွင် စစ်မှုထမ်းပြန်ခေါ်နေ သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စစ်ကော်မရှင်က ဦးဆောင်ကျင်းပသည့် ရွေးကောက်ပွဲ အပြီး စစ်မှုထမ်းများ ပြန်လည်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်၏ ရွေးကောက်ပွဲကာလအတွင်း စစ်မှုထမ်းခေါ်ယူမှု ရပ်နားထားသော်လည်း ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ပြီးနောက် ယခုလ ဖေဖော်ဝါရီလ ပထမပတ်မှ စပြီး စစ်မှုထမ်း အမှတ်စဉ် (၂၀)ကို... စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။ " မူးယစ်ဆေးတွေက...