ပြည်တွင်းအခေါက်ရွှေဈေး တရက်အတွင်း ၂ သိန်းနီးပါး ထိုးကျ

ပြည်တွင်းအခေါက်ရွှေဈေး တရက်အတွင်း ၂ သိန်းနီးပါး ထိုးကျ

DVB
SourceDVB

AI Summary

ပြည်တွင်းရွှေဈေး သိန်း ၂ သိန်းနီးပါးကျ။ ကမ္ဘာ့ရွှေဈေးကျ၊ ငွေဖောင်းပွမှုစိုးရိမ်။ ဆိုင်များရောင်းနည်း၊ ဈေးဆက်ကျနိုင်။

Photo : DVB

ပြည်တွင်းအခေါက်ရွှေဈေး တရက်အတွင်း ၂ သိန်းနီးပါး ထိုးကျပြီး ကျပ်သိန်း ၁၀၀ ဝန်းကျင်ကို ပြန်ရောက်လာပါတယ်။

ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျဆင်းနေပြီး ဒီနေ့မှာတော့ တအောင်စကို အမေရိကန်ဒေါ်လာ ၄,၄၀၀ အောက်ထိ နှစ်လအတွင်း အနိမ့်ဆုံးဈေးတန်းကို ရောက်ရှိသွားပါတယ်။

အမေရိကန်နဲ့ အီရန်အကြား တင်းမာမှုတွေ ဆက်ရှိနေသေးပေမဲ့ ဈေးကွက်အတွင်း ငွေဖောင်းပွမှုနဲ့ အတိုးနှုန်းစိုးရိမ်ချက်တွေကြောင့် ရွှေဈေးကတော့ အကျဘက်ကိုပဲ ဆက်ဦးတည်နေပါတယ်။

ဒီသက်ရောက်မှုက ပြည်တွင်းဈေးကွက်အပေါ်ရိုက်ခတ်လာပြီး ပြင်ပဈေးကွက် အခေါက်ရွှေဈေးကိုလည်း ထပ်မံကျဆင်းစေခဲ့ပါတယ်။

၁၆ ပဲရည် အခေါက်ရွှေ ရောင်းဈေးဟာ ဒီနေ့ညနေပိုင်းမှာ တကျပ်သားကို ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ ပြန်ကျလာပြီး မနေ့က မနက်ပိုင်း ဈေးအောက် တကျပ်သားကို ကျပ် ၂ သိန်းနီးပါး ပြန်လျော့ကျသွားပါတယ်။

ဒါပေမဲ့ ပြည်တွင်းရွှေဆိုင်အများစုကတော့ လက်ရှိမှာ အခေါက်ရွှေကို ဈေးဖွင့်ရောင်းချတာ နည်းပါးနေပြီး ၁၅ ပဲရည် ရွှေအထည်တွေကိုပဲ အဓိကထား အရောင်းအဝယ်လုပ်နေကြတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

ရွှေလုပ်ငန်းရှင်တွေကတော့ ကမ္ဘာ့ရွှေဈေး ဆက်ကျနေသရွေ့ ပြည်တွင်းဈေးကွက်မှာလည်း အကျဘက် ဆက်ရှိနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ပြည်တွင်းအခေါက်ရွှေဈေး တရက်အတွင်း ၂ သိန်းနီးပါး ထိုးကျ | YGN Daily