
AI Summary
ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ဇွန်လ ၁၈ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန့်ယင်းချောင်းနှင့် နန့်ကောင်းချောင်းတို့ ရေလျှံကာ မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါရေကြီးမှုကြောင့် ဒေသခံများမှာ ဘေးလွတ်ရာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများသို့ ပြောင်းရွှေ့ခိုလှုံနေကြရပြီး လူမှုကူညီရေးအသင်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ရေကြီးမှုဒဏ်ကြောင့် မိုးကောင်း-မိုးညှင်းလမ်းပိုင်းအပါအဝင် အဓိကလမ်းမကြီးများတွင် သွားလာရေးခက်ခဲနေပြီး ရပ်ကွက်ပေါင်းများစွာတွင် ရေဝင်ရောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည်။ လက်ရှိအချိန်အထိ ချောင်းရေများသည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေဆဲဖြစ်သဖြင့် ဒေသခံများမှာ ပစ္စည်းများကို ဦးစွာရွှေ့ပြောင်းပြီးနောက် ဘေးလွတ်ရာသို့ ထပ်မံရွှေ့ပြောင်းနေရသည့် အခြေအနေတွင် ရှိနေသည်။
ထင်ရှားသော ပြောကြားချက်များ
"ဒေသခံတွေကတော့ နီးစပ်ရာ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားပြီးရွှေ့ထားကြပြီ။ ရေကတော့ တက်နေတုန်းပဲ။ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေ လိုက်ပြီး ကူညီနေကြပါတယ်။ တမြို့လုံးလို ရေဝင်လာတာ။ ပစ္စည်းတွေ အရင်ရွှေ့ကြတာ။ နောက်မှ ရေဆက်တက်လာလို့ လူတွေ ထပ်ရွှေ့ကြတာ"

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ချောင်းရေလျှံပြီး ဒီနေ့ ဇွန် ၂၁ ရက်အထိ ရပ်ကွက်တွေထဲ ရေဝင်ရောက်နေတာကြောင့် ဒေသခံတွေကို ကယ်ဆယ်ရေး လုပ်ပေးရပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၁၈ ရက်ကစပြီး မိုးတွေ အဆက်မပြတ်ရွာတာကြောင့် မိုးကောင်းမြို့က အိုးတန်း၊ နတ်ကြီးကုန်း၊ ဈေးကုန်း၊ နန့်ရင်း၊ နောင်ကိုက်တော်၊ အလယ်ရပ်နဲ့ အရှေ့ရပ်ရပ်ကွက်တွေ ရေဝင်လာတာဖြစ်ပြီး ဒေသခံတွေ ရေဘေးလွတ်ရာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြရသလို ဘေးလွတ်ရာနေရာကို စတင်ပြောင်းရွှေ့နေကြရပြီလို့ သိရပါတယ်။
ဒေသခံတယောက်က “ဒေသခံတွေကတော့ နီးစပ်ရာ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားပြီးရွှေ့ထားကြပြီ။ ရေကတော့ တက်နေတုန်းပဲ။ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေ လိုက်ပြီး ကူညီနေကြပါတယ်။ တမြို့လုံးလို ရေဝင်လာတာ။ ပစ္စည်းတွေ အရင်ရွှေ့ကြတာ။ နောက်မှ ရေဆက်တက်လာလို့ လူတွေ ထပ်ရွှေ့ကြတာ”လို့ DVB ကိုပြောပါတယ်။
ရေကြီးနေတာကြောင့် မိုးကောင်း-မိုးညှင်းလမ်းပိုင်း၊ နန့်တိန်းကားလမ်းပိုင်းလည်း ရေလျှံနေပြီး သွားလာဖို့ ခက်ခဲနေပြီဖြစ်သလို နန့်ယင်းချောင်းရေဟာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်လာတဲ့အပြင် နန့်ကောင်းချောင်းရေဟာလည်း စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားတာပါ။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကတော့ မိုးကောင်းမြို့နယ်ထဲက နန့်ရင်းချောင်းနဲ့ နန့်ကောင်းချောင်း ရေလျှံမှုကြောင့် ဈေးကုန်းရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ ရွာသစ်ရပ်ကွက်နဲ့ အလယ်ရပ်ကွက် နေအိမ်တွေထဲ ရေဝင်ရောက်လာလို့ ကယ်ဆယ်ရေးတွေ လုပ်နေရပြီလို့ မနေ့က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ မြို့ဦး၊ ရွာသစ်၊ အိုးတန်း၊ ကျွန်းတော၊ နန့်ရင်းရပ်ကွက်၊ အလည်ရပ်၊ အောင့်ချိုင့်၊ အရှေ့ရပ်၊ နန့်ကိုက်တော၊ နန့်ကြီးကုန်း၊ ရှမ်းစု၊ အထက်ရှမ်းစု၊ အောက်ရှမ်းစု စတဲ့ရပ်ကွက်နဲ့ ကျေးရွာတွေ ရေဝင်ရောက်နေပြီ ဖြစ်ပါတယ်။