အုတ်ဖိုတွင် ရဲကွန်မန်ဒို ၁ ဦးကို ဖမ်းမိ၊ ပေါ်တာဆွဲခံရသည့် လူငယ် ၁ ဦးအား ကယ်တင်

အုတ်ဖိုတွင် ရဲကွန်မန်ဒို ၁ ဦးကို ဖမ်းမိ၊ ပေါ်တာဆွဲခံရသည့် လူငယ် ၁ ဦးအား ကယ်တင်

DVB
SourceDVB

AI Summary

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ချောင်းခွကျေးရွာအနီးတွင် မေလ ၃၁ ရက်နေ့က ရဲကွန်မန်ဒိုတပ်ဖွဲ့ဝင်တစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ က ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ၎င်းနှင့်အတူ စစ်တပ်၏ ပေါ်တာဆွဲခံရသူ အရပ်သားလူငယ်တစ်ဦးကိုလည်း ကယ်တင်နိုင်ခဲ့သည်။ အဆိုပါ ရဲကွန်မန်ဒို မင်းမင်းထွန်းသည် စစ်တပ်စစ်ကြောင်းသို့ ရိက္ခာပို့ပြီးအပြန်တွင် မသင်္ကာ၍ တားဆီးစစ်ဆေးရာမှ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး၊ ကယ်တင်ခံရသူ ကိုအောင်ပိုင်စိုးမှာ မေလ ၂၀ ရက်နေ့က ပေါ်တာဆွဲခံထားရသူဖြစ်သည်။ ဖမ်းဆီးရမိသည့် ရဲကွန်မန်ဒို မင်းမင်းထွန်းကို လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ရန် တပ်ရင်းသို့ ပို့ဆောင်ထားပြီး၊ ပေါ်တာဆွဲခံရသူ ကိုအောင်ပိုင်စိုးကိုမူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စောင့်ရှောက်မှုပေးကာ မိဘများထံ ပြန်လည်အပ်နှံရန် ဆောင်ရွက်နေသည်။ အုတ်ဖိုမြို့နယ်အတွင်း စစ်တပ်၏ မြေပြင်စစ်ကြောင်းများ ဝင်ရောက်ကာ လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် ဒေသခံပြည်သူအချို့ သေဆုံးဒဏ်ရာရမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

Photo: သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ချောင်းခွကျေးရွာအနီးမှာ မေ ၃၁ ရက်က ရဲကွန်မန်ဒိုတပ်ဖွဲ့ဝင်တယောက်ကို လက်နက်တွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့သလို သူနဲ့အတူ ပေါ်တာဆွဲပြီး ခေါ်ဆောင်လာတဲ့ အရပ်သား လူငယ်တယောက်ကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ က ဇွန် ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ ရဲ့ ပြန်ကြားရေးတာဝန်ခံက “အဲဒီနေ့ မနက် ၆ နာရီလောက်မှာ အုတ်ဖိုမြို့နယ်ထဲက ချောင်းခွရွာနားမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းဆီကို ရိက္ခာပို့ပြီး ဆိုင်ကယ်တစီးကို နှစ်ယောက်စီးပြီး ပြန်လာကြတဲ့သူ ၂ ယောက်ကို မသင်္ကာလို့ တားပြီး စစ်ဆေးလိုက်တာမှာ အခုလို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ သူတို့ ၂ ယောက်မှာ တယောက်က ရဲကွန်မန်ဒိုတပ်ဖွဲ့ဝင် မင်းမင်းထွန်း ဖြစ်ပြီးတော့ နောက်တယောက်က ဒီမြို့နယ်ထဲမှာရှိတဲ့ သရက်တောရွာကနေ ပြီးခဲ့တဲ့လ ၂၀ ရက်နေ့မှာ စစ်တပ်ရဲ့ ပေါ်တာဆွဲခံရသူ ကိုငပိုင် (ခေါ်) ကိုအောင်ပိုင်စိုး ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပေါ်တာဆွဲခံရသူ ကိုငပိုင် (ခေါ်) ကိုအောင်ပိုင်စိုးနဲ့အတူ ဖမ်းဆီးရမိသူဟာ နေပြည်တော် တပ်ရင်း ၁၇ က ကိုယ်ပိုင်အမှတ် လ/၃၀၈၁၈၄ ရဲကွန်မန်ဒိုတပ်ဖွဲ့ဝင် မင်းမင်းထွန်း ဖြစ်ကာ သူနဲ့အတူ လက်နက်ခဲယမ်းတွေနဲ့ ကွန်မန်ဒို ပြောက်ကျားယူနီဖောင်းတွေလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ ရဲ့ တာဝန်ရှိသူက “သူတို့ ၂ ယောက်ကို အတူတူဖမ်းမိခဲ့တာ ဖြစ်ပြီးတော့ သေချာစစ်ဆေးလိုက်တော့မှ တယောက်က ပေါ်တာဆွဲခံထားရသူမှန်း သိရတာပါ။ ဖမ်းဆီးချိန်မှာ ပြန်လည်ခုခံတာတော့ မရှိခဲ့ပါဘူး။ ရဲကွန်မန်ဒို မင်းမင်းထွန်း ကိုတော့ ကျနော်တို့တပ်ရင်းဆီကို ပို့ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ DVB ကို ပြောပါတယ်။

ပေါ်တာဆွဲခံရတဲ့ ကိုအောင်ပိုင်စိုး ကိုတော့ လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စောင့်ရှောက်မှုပေးပြီး သူ့ရဲ့မိဘဆီကို ပြန်လည်အပ်နှံပေးဖို့ ဆောင်ရွက်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မေလထဲကစလို့ အုတ်ဖိုမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်ရဲ့ အင်အားအလုံးအရင်းပါတဲ့ မြေပြင်​စစ်ကြောင်းတွေ ဝင်ရောက်ပြီး ပြည်သူပိုင် လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေသလို လေ​ယာဥ်တွေနဲ့လည်း လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတချို့ သေဆုံးဒဏ်ရာရတာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
အုတ်ဖိုတွင် ရဲကွန်မန်ဒို ၁ ဦးကို ဖမ်းမိ၊ ပေါ်တာဆွဲခံရသည့် လူငယ် ၁ ဦးအား ကယ်တင် | YGN Daily