စစ်အာဏာရှင်နှင့်အဖွဲ့ကို တရုတ်က ရုပ်ရှင်ပြ
politics||3 MIN READ

စစ်အာဏာရှင်နှင့်အဖွဲ့ကို တရုတ်က ရုပ်ရှင်ပြ

DVB
SourceDVB

AI Summary

ဇွန်လ ၈ ရက်နေ့တွင် နေပြည်တော်၌ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်တို့သည် "မေတ္တာစမ်းရေ" ရုပ်ရှင်ဇာတ်လမ်းကို အတူတကွ ကြည့်ရှုခဲ့ကြသည်။ ၎င်းပွဲကို တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၆ နှစ်မြောက် အထိမ်းအမှတ်အဖြစ် တရုတ်သံရုံးနှင့် China Media Group (CMG) တို့ ပူးပေါင်းကျင်းပသော ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်သီတင်းပတ်အတွင်း ကျင်းပခဲ့ခြင်းဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဇနီးအပါအဝင် အဆင့်မြင့်အရာရှိ ၄၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ ထိုပွဲတွင် မင်းအောင်လှိုင်က မြန်မာ့ငလျင်ကယ်ဆယ်ရေးအတွက် တရုတ်၏အကူအညီကို ကျေးဇူးတင်ကြောင်းနှင့် One China Policy ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။ တရုတ်သံအမတ်ကြီးကလည်း နှစ်နိုင်ငံဆက်ဆံရေးသည် အခက်အခဲများကို အတူကျော်ဖြတ်ခဲ့၍ ပိုမိုခိုင်မြဲလာကြောင်းနှင့် ရုပ်ရှင်မှတစ်ဆင့် ယဉ်ကျေးမှုဖလှယ်ကာ ပြည်သူချင်းစိတ်နှလုံးဆက်နွှယ်ရေးကို မြှင့်တင်လိုကြောင်း ပြောဆိုခဲ့သည်။ ဤပွဲသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြသသည့် အခမ်းအနားတစ်ခုဖြစ်သည်။

Photo: Chinese Embassy in Myanmar

မြန်မာ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်နဲ့ ကာချုပ် ရဲဝင်းဦးတို့နဲ့အတူ တရုတ်သံအမတ်ကြီး မစ္စမာကျားက ဇွန် ၈ ရက်က နေပြည်တော်မှာ  မေတ္တာစမ်းရေ (Lighting Up The Stars) ရုပ်ရှင်ဇာတ်လမ်းကို အတူတကွ ကြည့်ရှုခဲ့ကြတယ်လို့ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၆ နှစ်မြောက် အထိမ်းအမှတ်နေ့အဖြစ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ China Media Group (CMG) တို့ ပူးပေါင်းကျင်းပတဲ့ ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်သီတင်းပတ်ကို နေပြည်တော် J Cineplex ရုပ်ရှင်ရုံမှာ ကျင်းပတာမှာ လာရောက်ကြည့်ရှုခဲ့တာလို့ ဆိုပါတယ်။

ရုပ်ရှင်ပြပွဲကို စစ်အာဏာရှင်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ အဆင့်မြင့်အရာရှိတွေ အပါအဝင် အယောက် ၄၀၀ လောက် တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီပွဲမှာ စစ်အာဏာရှင်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာ့ငလျင်နှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် တရုတ်နိုင်ငံက အကူအညီတွေ ပေးခဲ့တဲ့အပေါ် ကျေးဇူးအထူးတင်ကြောင်း ပြောဆိုခဲ့ပြီး တရုတ်တနိုင်ငံတည်းမူဝါဒ One China Policy ကို မြန်မာဘက်က အစဉ်တစိုက် လိုက်နာထောက်ခံသွားမယ်လို့ ကတိပြု ပြောသွားခဲ့ပါတယ်။

တရုတ်သံအမတ်ကြီးကလည်း တရုတ်-မြန်မာ ဆက်ဆံရေးဟာ ဒုက္ခဟူသမျှကို တလှေတည်းစီး အတူတကွ ကျော်ဖြတ်ခဲ့ရလို့ အချိန်ကြာလာလေ ပိုမိုခိုင်မြဲလာလေ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရုပ်ရှင်ကို ကြားခံအဖြစ်ထားကာ ၂ နိုင်ငံ လူထုယဉ်ကျေးမှု ဖလှယ်ခြင်း မြှင့်တင်ရေးနဲ့ ပြည်သူတွေ စိတ်နှလုံးချင်း ဆက်နွှယ်ရေးကို တိုးမြှင့်ကာ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် တွန်းအားသစ်တခု လုပ်ဆောင်သွားဖို့ တရုတ်သံအမတ်က ပြောကြားခဲ့တယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

AI Curated
စစ်အာဏာရှင်နှင့်အဖွဲ့ကို တရုတ်က ရုပ်ရှင်ပြ | YGN Daily