ရသေ့တောင်တွင် ကျပ်သိန်း ၃၀၀ နှင့်အတူ ပျောက်ဆုံးနေသူ ၅ ဦး ၂ လကြာသည်အထိ အဆက်အသွယ်မရ၊ AA ထံ တိုင်ကြားထားသော်လည်း ထိရောက်မှုမရှိဟုဆို - BUR.MIZZIMA.COM
politics||4 MIN READ

ရသေ့တောင်တွင် ကျပ်သိန်း ၃၀၀ နှင့်အတူ ပျောက်ဆုံးနေသူ ၅ ဦး ၂ လကြာသည်အထိ အဆက်အသွယ်မရ၊ AA ထံ တိုင်ကြားထားသော်လည်း ထိရောက်မှုမရှိဟုဆို - BUR.MIZZIMA.COM

AI Summary

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် စက်လှေနှစ်စီးပေါ် လိုက်ပါလာသည့် လူငါးဦးသည် ကျပ်သိန်း ၃၀၀ နှင့်အတူ ပျောက်ဆုံးသွားသည်မှာ နှစ်လကျော်ကြာပြီဖြစ်သည်။ ၎င်းတို့သည် ပေါက်တောမြို့နယ်၊ ငွေတွင်းတူးကျေးရွာမှ မောင်တောမြို့သို့ ရေထွက်ကုန်များ ပို့ဆောင်ပြီးအပြန် ဧပြီလ ၁ ရက်နေ့တွင် ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ပျောက်ဆုံးသူများမှာ စစ်ဘေးရှောင်မိသားစုဝင်များဖြစ်ပြီး ၎င်းတို့၏ မိသားစုဝင်များက သက်ဆိုင်ရာ AA အုပ်ချုပ်ရေးရုံးများသို့ တိုင်ကြားခဲ့ကြသည်။ သို့သော်လည်း ယနေ့အထိ ထိရောက်သည့် ရှာဖွေမှုများ မရှိသေးဘဲ သတင်းအစအနလည်း မကြားရသေးပေ။ ထို့ကြောင့် မိသားစုများမှာ စီးပွားရေးအခက်အခဲများနှင့်အတူ ရင်တမမဖြင့် သောကရောက်နေကြရသည်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာနကလည်း ဤကိစ္စနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

ဓာတ်ပုံ – ရသေ့တောင်မြို့နယ်၊ လောင်းချောင်းဆိပ်ကမ်းတွင် ၂၀၂၆ ခုနှစ်၊ ဧပြီ ၁ ရက်က ကျပ်သိန်း ၃၀၀ နှင့်အတူ ပျောက်ဆုံးသွားသည့် စစ်ဘေးရှောင် မိသားစုဝင်ငါးဦး။ (Shwe Yin Win)

ပေါ်ထွန်း

မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်တွင် စက်လှေနှစ်စီးပေါ် လိုက်ပါလာသည့် လူငါးဦးသည် ကျပ်သိန်း ၃၀၀ နှင့်အတူ ပျောက်ဆုံးသွားသည်မှာ နှစ်လကြာပြီဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် ပေါက်တောမြို့နယ်၊ ငွေတွင်းတူးကျေးရွာမှ မောင်တောမြို့သို့ ရေထွက်ကုန်များ သွားရောက်ပို့ဆောင်ပြီးအပြန်တွင် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းတို့၏ မိသားစုဝင်က ဆိုသည်။ သက်ဆိုင်ရာဌာနများထံ တိုင်ကြားထားသော်လည်း ယနေ့ (ဇွန်လ ၈ ရက်) အထိ သတင်းတစုံတရာ မကြားရသေးကြောင်း သိရသည်။ ဧပြီလ ၁ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် မောင်တောမြို့၌ ဂဏန်းများသွင်းပြီးနောက် အိမ်သို့ ပြန်လာတော့မည်ဖြစ်ကြောင်း၊ ထို့နောက် ညနေ ၇ နာရီခန့်တွင် လောင်းချောင်းဆိပ်ကမ်းသို့ ရောက်ရှိနေပြီဖြစ်၍ ရွာသို့ ပြန်ဆင်းလာတော့မည်ဟုဖုန်းအဆက်အသွယ်နှစ်ကြိမ် နောက်ဆုံးရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးနေသူ ကိုနိုင်လင်းစိုး၏ ဇနီးဖြစ်သူ မရွှေယဉ်ဝင်းက “ရွာကို ပြန်ဆင်းလာတော့မယ်လို့ နောက်ဆုံးဖုန်းဆက်ပြီးကတည်းက ဒီနေ့အထိ ဘာအဆက်အသွယ်မှ မရတော့တာပါ။ အခုဆိုရင် နှစ်လကျော်သွားပြီဖြစ်ပေမယ့် ဘာသတင်းအစအနမှလည်း မကြားရတော့ မိသားစုတွေမှာ ရင်တမမနဲ့ သောကရောက်နေကြရပါတယ်” ဟု မဇ္ဈိမသို့ ပြောသည်။

ဓာတ်ပုံ – ရသေ့တောင်မြို့နယ်၊ လောင်းချောင်းဆိပ်ကမ်းတွင် ၂၀၂၆ ခုနှစ်၊ ဧပြီ ၁ ရက်က ကျပ်သိန်း ၃၀၀ နှင့်အတူ ပျောက်ဆုံးသွားသည့် စစ်ဘေးရှောင် မိသားစုဝင်ငါးဦး။ (Shwe Yin Win)

ပျောက်ဆုံးနေသူ ငါးဦးမှာ အသက် ၄၂ နှစ်အရွယ် ဦးခင်မောင်အေး၊ အသက် ၃၃ နှစ်အရွယ် ကိုမောင်ဘသိန်း၊ အသက် ၂၁ နှစ်အရွယ် ကိုမောင်သန်းဌေး၊ အသက် ၃၂ နှစ်အရွယ် ကိုမင်းထက်အောင် နှင့် အသက် ၂၈ နှစ်အရွယ် ကိုနိုင်လင်းစိုး တို့ ဖြစ်ကြသည်။ ၎င်းတို့ထဲတွင် သုံးဦးမှာ အမျိုးတော်စပ်သူများ ဖြစ်ကြသည်။ဖြစ်စဉ်ကို AA ၏ အုပ်ချုပ်ရေးအဖွဲ့များဖြစ်သည့် ရသေ့တောင်မြို့ရဲစခန်း (ဒီလပ်)၊ ပေါက်တောမြို့ရဲစခန်း (ဒီလပ်)၊ သပြေကန်ရဲစခန်း (ဒီလပ်)၊ မင်းပြားခရိုင်အုပ်ချုပ်ရေးမှူးရုံး နှင့် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးရုံး တို့ကို တိုင်ကြားထားကြောင်း သိရသည်။

“သက်ဆိုင်ရာ ရုံးတွေ၊ စခန်းတွေအကုန်လုံးကို ဓာတ်ပုံတွေနဲ့တကွ အဆင့်ဆင့် သွားရောက်တိုင်ကြား အသနားခံခဲ့ပေမယ့် ဘာမှထိရောက်အောင် ရှာဖွေပေးတာမျိုး မရှိပါဘူး။ ဘယ်ရုံး၊ ဘယ်စခန်းကမှလည်း အရေးတယူ လုပ်မပေးကြတော့ ကျွန်မတို့ မိသားစုတွေမှာ ဘယ်သူ့ကို အားကိုးရမှန်း မသိဘဲ လမ်းပျောက်နေရပါတယ်” ဟု မရွှေယဉ်ဝင်းက ဆက်ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) မှ ယနေ့အထိ သတင်းတစုံတရာ ထုတ်ပြန်ထားခြင်းမရှိသေးပါ။ ပျောက်ဆုံးသွားသည့် ဖိုင်ဘာလှေနှစ်စီးမှာလည်း လစဉ်ကြေးဖြင့် ငှားရမ်းထားခြင်းဖြစ်ပြီး စစ်ဘေးရှောင်မိသားစုများဖြစ်၍ လက်ရှိတွင် စီးပွားရေးအခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

ဓာတ်ပုံ – ရသေ့တောင်မြို့နယ်၊ လောင်းချောင်းဆိပ်ကမ်းတွင် ၂၀၂၆ ခုနှစ်၊ ဧပြီ ၁ ရက်က ကျပ်သိန်း ၃၀၀ နှင့်အတူ ပျောက်ဆုံးသွားသည့် စစ်ဘေးရှောင် မိသားစုဝင်ငါးဦး။ (Shwe Yin Win)

ဆက်စပ်သတင်းများ

AI Curated
ရသေ့တောင်တွင် ကျပ်သိန်း ၃၀၀ နှင့်အတူ ပျောက်ဆုံးနေသူ ၅ ဦး ၂ လကြာသည်အထိ အဆက်အသွယ်မရ၊ AA ထံ တိုင်ကြားထားသော်လည်း ထိရောက်မှုမရှိဟုဆို - BUR.MIZZIMA.COM | YGN Daily