ရမ်းဗြဲမြို့နယ်ကို စစ်တပ်က အသေခံ ဒရုန်းဖြင့် ဗုံးကြဲ
general||2 MIN READ

ရမ်းဗြဲမြို့နယ်ကို စစ်တပ်က အသေခံ ဒရုန်းဖြင့် ဗုံးကြဲ

DVB
SourceDVB
Back to News

AI Summary

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ စပါးတုံကျေးရွာကို စစ်အာဏာရှင်တပ်က ဇွန် ၄ ရက်နေ့တွင် အသေခံဒရုန်း ၂ စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နွားတစ်ကောင်သေဆုံးပြီး တစ်ကောင်ဒဏ်ရာရရှိခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် စစ်တပ်က ကျောက်ဖြူတွင် အထိနာနေ၍ ရမ်းဗြဲဘက်သို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ဇွန် ၁ ရက်နေ့ကလည်း ရမ်းဗြဲမြို့နယ်ရှိ ကြောင်ချတွင်း စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် အမျိုးသမီး ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ လက်ရှိတွင် ကျောက်ဖြူမြို့နယ်၌ စစ်တပ်နှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးဖြင့် ဆက်တိုက်တိုက်ခိုက်နေသည်။ စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာနေပြီး AA က လေကြောင်းအန္တရာယ်ကို သတိပြုရန် တိုက်တွန်းထားသည်။

Photo: google map

ရခိုင်​ပြည်နယ် ရမ်းဗြဲမြို့နယ်၊ စပါးတုံကျေးရွာကို စစ်အာဏာရှင်တပ်က ဇွန် ၄ ရက် ညနေပိုင်းမှာ အသေခံ ဒရုန်း ၂ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာရှင်တပ်က မနေ့ညနေ ၃ နာရီ ၁၆ မိနစ်နဲ့ ၂၃ မိနစ်တွေမှာ အသေခံ ဒရုန်း ၂ စင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စပါးတုံကျေးရွာက နွားတကောင် သေဆုံးခဲ့တယ်လို့ ရမ်းဗြဲဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

"စပါးတုံရွာအနီးကို အသေခံ ဒရုန်း ၂ စင်းနဲ့ တိုက်ခိုက်ခဲ့တာရှိတယ်။ အရပ်သား အထိအခိုက်တော့ မရှိဘူး။ နွားမတကောင်သေသွာတာရှိတယ်။ နောက်တကောင်လည်း ဒဏ်ရာရရှိသွားတယ်။ စစ်တပ် ဟာ ကျောက်ဖြူမှာ အထိနာနေတာကြောင့် ရမ်းဗြဲဘက်အထိ လေကြောင်းတိုက်ခိုက်လာတာ။”

လက်ရှိဗုံကြဲတိုက်ခိုက်ခံရတဲ့ ကျေးရွာဟာ ကျောက်ဖြူမြို့နယ်နဲ့ မိုင်ဆယ်ချီကွာဝေးသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၁ ရက်ကလည်း ရမ်းဗြဲမြို့နယ်က ကြောင်ချတွင်း စစ်ရှောင်စခန်းကို စစ်အာဏာရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်အမျိုး ၂ ယောက် သေဆုံးခဲ့ရပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့ကြပါတယ်။

လက်ရှိမှာ ကျောက်ဖြူမြို့နယ် စနဲ့မြို့အနီးမှာ စစ်အာဏာရှင်တပ်နဲ့ AA တို့ကြား တိုက်ပွဲ ပြင်းထန် နေကြတာဖြစ်ပြီး စစ်တပ်က ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။

ရခိုင်ပြည်နယ်က မြို့၊ ရွာတွေကို စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်လာနေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာနေပြီး လေကြောင်းအန္တရာယ် အထူးသတိပြုကြဖို့ကို AA က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ရမ်းဗြဲမြို့နယ်ကို စစ်တပ်က အသေခံ ဒရုန်းဖြင့် ဗုံးကြဲ | YGN Daily