အင်္ဂလန်အသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရန် ဒုတိယရေပန်းစားအသင်း ဖြစ်လာ
sports||2 MIN READ

အင်္ဂလန်အသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရန် ဒုတိယရေပန်းစားအသင်း ဖြစ်လာ

DVB
SourceDVB
Back to News

AI Summary

အင်္ဂလန်အသင်းသည် ခရိုအေးရှားအသင်းကို လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် Opta supercomputer ၏ ခန့်မှန်းချက်အရ ကမ္ဘာ့ဖလားရရှိရန် ဒုတိယမြောက် ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရသည်။ နည်းပြ သောမတ်စ်တူချယ်၏ လမ်းညွှန်မှုနှင့် တိုက်စစ်မှူး ဟယ်ရီကိန်းတို့၏ ခြေစွမ်းပြမှုကြောင့် အင်္ဂလန်အသင်းသည် စပိန်နှင့် ပေါ်တူဂီအသင်းများကို ကျော်တက်ကာ ကမ္ဘာ့ဖလားဆွတ်ခူးရန် ၁၂ ဒသမ ၂၆ ရာခိုင်နှုန်း အခွင့်အရေးရှိလာသည်။ ဤနိုင်ပွဲကြောင့် အင်္ဂလန်အသင်း၏ ကမ္ဘာ့ဖလားမျှော်လင့်ချက် မြင့်တက်လာခဲ့ပြီး ပြင်သစ်အသင်းကသာ ၁၅ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင် ရှိနေသည်။ အဆိုပါပွဲစဉ်ကို နိုင်ငံတကာသတင်းစာများက အကောင်းဆုံးပွဲစဉ်နှင့် မာစတာကလက်စ်အဖြစ် ချီးကျူးဖော်ပြခဲ့ကြသည်။ လက်ရှိတွင် အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အဓိကပြိုင်ဘက်အဖြစ် ရပ်တည်နေပြီး နောက်တစ်ဆင့်အတွက် အရှိန်အဟုန်ကောင်းမွန်နေသည်။

ထင်ရှားသော ပြောကြားချက်များ

"မာစတာကလက်စ်"

Photo:Reuters

အင်္ဂလန်အသင်းဟာ ခရိုအေးရှားကို (၄-၂) ဂိုးနဲ့ အနိုင်ရပြီးတဲ့နောက် ကမ္ဘာ့ဖလားရဖို့ ဒုတိယ ရေပန်းစားအသင်းအဖြစ် Opta supercomputer က သတ်မှတ်လိုက်ပါတယ်။

နည်းပြ သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်အသင်းဟာ ဒီနိုင်ပွဲကြောင့် စပိန်နဲ့ ပေါ်တူဂီလို ပြိုင်ဘက်တွေ ကို ကျော်တက်ခဲ့တာပါ။

အင်္ဂလန်က ကမ္ဘာ့ဖလားကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးဖို့ ၁၂ ဒသမ ၂၆ ရာခိုင်နှုန်း အခွင့်အရေး ရှိပါတယ်။ ပြင်သစ်ကတော့ ၁၅ ဒသမ ၄၀ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

ဒီပွဲမှာ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက ၂ ဂိုးသွင်းယူခဲ့ပါတယ်။ ဂျုဒ်ဘယ်လင်ဂမ်နဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်တို့ကလည်း လူစားဝင်ပြီး ဂိုးတွေသွင်းယူခဲ့တာပါ။

နည်းပြ တူချယ်ရဲ့ အားပေးစကားတွေကြောင့် ဒုတိယပိုင်းမှာ အင်္ဂလန်တို့ ခြေစွမ်းပြခဲ့တာ ဖြစ်ပါတယ်။

ဂျာမနီရဲ့ BILD သတင်းစာကတော့ အင်္ဂလန်ရဲ့နိုင်ပွဲကို ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံးပွဲစဉ်လို့ ချီးကျူး ထားသလို ပြင်သစ်ရဲ့ L'Equipe သတင်းစာ ကလည်း ဒီပွဲကို “မာစတာကလက်စ်” လို သုံးနှုန်း ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

AI Curated