
AI Summary
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်သည် တရုတ်နိုင်ငံ ကူမင်းမြို့၌ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်စဉ် တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းအား သူလျှိုမှုသံသယဖြင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ISP-Myanmar က ယင်းစွပ်စွဲချက်များကို အခြေအမြစ်မရှိဟုဆိုကာ ပြင်းထန်စွာကန့်ကွက်ခဲ့သည်။ ဤဖြစ်စဉ်ကြောင့် သုတေသနအဖွဲ့အစည်းတစ်ခု၏ လွတ်လပ်စွာ သုတေသနပြုခွင့်နှင့် ပညာရပ်ဆိုင်ရာ လွတ်လပ်မှုအပေါ် ထိခိုက်မှုများရှိလာသည်။ ISP-Myanmar က ဦးမင်းဇင်ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုထားပြီး အဖွဲ့အစည်းအနေဖြင့်လည်း လွတ်လပ်စွာ ဆက်လက်ရပ်တည်သွားမည်ဟု ထုတ်ပြန်ထားသည်။ လက်ရှိအချိန်တွင် ဦးမင်းဇင်မှာ တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရဆဲဖြစ်သည်။
ထင်ရှားသော ပြောကြားချက်များ
"အထောက်အထားမဲ့ အခြေအမြစ်မရှိ စွပ်စွဲချက်မှန်သမျှကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်"
"ခြိမ်းခြောက် ဖိအားပေးမှုတွေ မခံရဘဲ လွတ်လပ်စွာ သုတေသနပြုခွင့်ရဖို့ဟာ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတွေအတွက် အလွန်အရေးကြီးကြောင်း"

တရုတ်အစိုးရက ဖမ်းဆီးထားတဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ISP-Myanmar က ဒီကနေ့ ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
မြန်မာ့နိုင်ငံရေးကို လေ့လာ သုတေသနပြုနေတဲ့ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို သူလျှိုမှု သံသယနဲ့ ဖမ်းဆီးထားတာလို့ တရုတ်ရဲ့ နိုင်ငံခြားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇွန် ၁၂ ရက်က ပြောကြားခဲ့တာပါ။
ISP-Myanmar ကတော့ အထောက်အထားမဲ့ အခြေအမြစ်မရှိ စွပ်စွဲချက်မှန်သမျှကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဖွဲ့အစည်းအနေနဲ့ လွတ်လပ်သော သုတေသနအဖွဲ့အဖြစ် ဆက်လက်ရပ်တည်ပြီး အများပြည်သူ အကျိုးပြု သုံးသပ်ချက်တွေကို ဆက်လက်ထုတ်ဝေသွားမှာဖြစ်သလို ခြိမ်းခြောက် ဖိအားပေးမှုတွေ မခံရဘဲ လွတ်လပ်စွာ သုတေသနပြုခွင့်ရဖို့ဟာ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတွေအတွက် အလွန်အရေးကြီးကြောင်းလည်း အလေးအနက် ထုတ်ပြန်ထားပါတယ်။
ISP-Myanmar ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ဟာ တရုတ်နိုင်ငံ ကူမင်းမြို့က ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို သွားရောက်စဉ်မှာ ဇွန်လဆန်းပိုင်းက တရုတ်အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။