AA ထိန်းချုပ်နယ်မြေထဲက ကုလားတန်စီမံကိန်း ပြီးအောင်လုပ်မယ်လို့ အိန္ဒိယကို မင်းအောင်လှိုင် ကတိပေး
politics||2 MIN READ

AA ထိန်းချုပ်နယ်မြေထဲက ကုလားတန်စီမံကိန်း ပြီးအောင်လုပ်မယ်လို့ အိန္ဒိယကို မင်းအောင်လှိုင် ကတိပေး

AI Summary

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံစဉ် ကုလားတန်မြစ်ကြောင်းစီမံကိန်းနှင့် မြန်မာ-အိန္ဒိယ-ထိုင်း အဝေးပြေးလမ်းစီမံကိန်းများကို အပြီးသတ်အကောင်အထည်ဖော်ရန် ကြိုးပမ်းမည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း၊ ကုလားတန်စီမံကိန်း ဖြတ်သန်းရာ ဒေသအများစုမှာ လက်ရှိတွင် စစ်ကောင်စီ ထိန်းချုပ်မှုအောက်၌ မရှိတော့ဘဲ ရခိုင်နှင့် ချင်းပြည်နယ်ရှိ စီမံကိန်းလမ်းကြောင်းတစ်လျှောက် နေရာအများစုကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသည်။ ထို့ကြောင့် ဤစီမံကိန်းများ အကောင်အထည်ဖော်ရေးသည် သက်ဆိုင်ရာ အင်အားစုများအကြား ညှိနှိုင်းမှုများအပေါ် မူတည်နေကြောင်း လေ့လာသူများက သုံးသပ်ကြသည်။ အိန္ဒိယအတွက် မဟာဗျူဟာအရ အရေးပါသော ဤစီမံကိန်းကို ၂၀၂၇ ခုနှစ်တွင် အပြည့်အဝ လည်ပတ်နိုင်ရန် ရည်ရွယ်ထားသည်။ သို့သော် စီမံကိန်းဧရိယာအတွင်း နယ်မြေထိန်းချုပ်မှု အပြောင်းအလဲများက စီမံကိန်း၏ အနာဂတ်အပေါ် ဆက်လက်သက်ရောက်မှု ရှိနေမည်ဖြစ်သည်။

အိန္ဒိယကို သွားရောက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကုလားတန်မြစ်ကြောင်းစီမံကိန်းနဲ့ မြန်မာ-အိန္ဒိယ-ထိုင်း အဝေးပြေးလမ်းစီမံကိန်းတွေကို အပြီးသတ်အကောင်အထည်ဖော်ဖို့ ကြိုးပမ်းမယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ကုလားတန်စီမံကိန်း ဖြတ်သန်းရာ ဒေသအများစုဟာ လက်ရှိမှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ မဟုတ်တော့ပါဘူး။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က စီမံကိန်းလမ်းကြောင်းတစ်လျှောက် နေရာအများစုကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားတာကြောင့် ဒီစီမံကိန်းကို အထောင်အထည်ဖော်ရေးဟာ သက်ဆိုင်ရာ အင်အားစုတွေကြား ညှိနှိုင်းမှုတွေအပေါ် မူတည်နေတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

အိန္ဒိယအတွက် မဟာဗျူဟာအရ အရေးပါတဲ့ ဒီစီမံကိန်းကို ၂၀၂၇ ခုနှစ်မှာ အပြည့်အဝ လည်ပတ်နိုင်ဖို့ ရည်ရွယ်ထားပေမယ့် စီမံကိန်းဧရိယာအတွင်းက နယ်မြေထိန်းချုပ်မှု အပြောင်းအလဲတွေကတော့ စီမံကိန်းရဲ့ အနာဂတ်အပေါ် ကို သက်ရောက်မှု ရှိနေဦးမှာပါ။

မြတ်ကြီး/ Myanmar Now

ဆက်စပ်သတင်းများ

AI Curated
AA ထိန်းချုပ်နယ်မြေထဲက ကုလားတန်စီမံကိန်း ပြီးအောင်လုပ်မယ်လို့ အိန္ဒိယကို မင်းအောင်လှိုင် ကတိပေး | YGN Daily