
AI Summary
စစ်အာဏာရှင်ဩဇာခံ ပြည်သူ့လွှတ်တော်သည် လွှတ်တော်၏ လုပ်ဆောင်ချက်များကို သတင်းထုတ်ပြန်ရန် ရည်ရွယ်ချက်ဖြင့် ဇွန်လ ၁၈ ရက်နေ့တွင် အဖွဲ့ဝင် ၆ ဦးပါဝင်သော သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်သည်။ အဆိုပါအဖွဲ့ကို ကြံ့ခိုင်ရေးပါတီမှ ဦးနန္ဒာလှမြင့်က ဦးဆောင်ပြီး လွှတ်တော်ရက်များတွင် မီဒီယာကော်နာ၌ နေ့စဉ်ရှင်းလင်းချက်များ ပေးသွားမည်ဖြစ်သည်။ သို့သော်လည်း ဤအဖွဲ့၏ အဓိကရည်ရွယ်ချက်မှာ လွှတ်တော်ကိုယ်စားလှယ်များအား မီဒီယာများက တိုက်ရိုက်ဆက်သွယ်မေးမြန်းခြင်းကို တားဆီးရန်ဖြစ်သည်။ ထို့ကြောင့် သတင်းမီဒီယာသမားများသည် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုက်ရိုက်ဆက်သွယ်ခွင့် ဆုံးရှုံးသွားမည်ဖြစ်သည်။ လက်ရှိတွင် အဆိုပါအဖွဲ့သည် လုပ်ငန်းတာဝန်များကို စတင်ဆောင်ရွက်ရန် ပြင်ဆင်နေပြီဖြစ်သည်။

လွှတ်တော်ရဲ့ လုပ်ဆောင်ချက်တွေကို သတင်းမီဒီယာသမားတွေကို ရှင်းလင်းပြောကြားနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြည်သူ့လွှတ်တော်သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဇွန် ၁၈ ရက်က ဖွဲ့စည်း လိုက်တယ်လို့ စစ်အာဏာရှင် ဩဇာခံ ပြည်သူ့လွှတ်တော်က ထုတ်ပြန်တာပါ။
ဒါပေမဲ့လည်း တဖက်မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို သတင်းမီဒီယာတွေက တယ်လီဖုန်း နဲ့ ဆက်သွယ်မေးမြန်းတာတွေကို မဖြေဆိုဖို့ ဒီအဖွဲ့ကို ဖွဲ့စည်းတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပြည်သူ့လွှတ်တော်သတင်းထုတ်ပြန်ရေးအဖွဲ့ကို အဖွဲ့ဝင် ၆ ယောက်နဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီက နန္ဒာလှမြင့်က အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး ကြံ့ခိုင်ရေးပါတီကပဲ ဦးသိန်းထွန်းဦးက ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားပါတယ်။
ဒီသတင်းထုတ်ပြန်ရေးအဖွဲ့အနေနဲ့ လွှတ်တော်ရှိတဲ့နေ့တွေမှာ မီဒီယာတွေရဲ့ မေးမြန်းမှုတွေကို မီဒီယာကော်နာမှာ နေ့စဉ် ရှင်းလင်းထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။