ရန်ကုန်တိုင်းနယ်မြေ၌ ၄ လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်သား ၁၃၀ ယောက်ခန့်သေဆုံးကာ၊  ၁၀၀ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်သုံ့ပန်း (၄)ဦး ဖမ်းဆီးရမိခဲ့ကြောင်းNUG ထုတ်ပြန်
politics||3 MIN READ

ရန်ကုန်တိုင်းနယ်မြေ၌ ၄ လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်သား ၁၃၀ ယောက်ခန့်သေဆုံးကာ၊  ၁၀၀ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်သုံ့ပန်း (၄)ဦး ဖမ်းဆီးရမိခဲ့ကြောင်းNUG ထုတ်ပြန်

Narinjara
SourceNarinjara
Back to News

AI Summary

ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှ မေလကုန်အထိ ၄ လတာကာလအတွင်း PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၁၀ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲများသည် စစ်ကောင်စီ၏ ထိုးစစ်ကို ခုခံခြင်း၊ ကြားဖြတ်တိုက်ခိုက်ခြင်းနှင့် စခန်းကုန်းများအား သိမ်းပိုက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၀ ခန့် သေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရကာ ၄ ဦး ဖမ်းဆီးခံခဲ့ရသည်။ ထို့အပြင် လက်နက်ခဲယမ်းမျိုးစုံနှင့် စစ်သုံးပစ္စည်းများစွာကိုလည်း PDF တပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့သည်။ လက်ရှိတွင် PDF တပ်ဖွဲ့များသည် တိုင်းစစ်ဌာနများအလိုက် စစ်ဆင်ရေးများကို စနစ်တကျ ကွပ်ကဲဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား တပ်ဖွဲ့ဝင်များအတွက် ကူညီဖေးမပေးရန် မေတ္တာရပ်ခံထားသည်။

ထင်ရှားသော ပြောကြားချက်များ

"အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့် အကြမ်းဖက်စကမအား စစ်မျက်နှာအသီးသီးတွင် ရွံ့ရွံ့ချွံချွံ တိုက်ပွဲဝင်လျက် ရှိရာ မိဘပြည်သူများအနေဖြင့်လည်း မိမိတို့ တပ်ဖွဲ့ဝင်များအား တတ်စွမ်းသရွေ့ ကူညီဖေးမ နိုင်ပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်"

နိရဉ္စရာ၊ ဇွန် ၂၀/၂၀၂၆

ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေ၌ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့ထိ ၄ လ အတွင်း တိုက်ပွဲ (၁၀) ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်သား ၁၃၀ ယောက်ခန့်သေဆုံးကာ၊  ၁၀၀ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်သုံ့ပန်း (၄)ဦး ဖမ်းဆီးရမိခဲ့ကြောင်းNUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်မှ သတင်းထုတ်ပြန်သည်။

အဆိုပါ ၄ လအတွင်း ရန်ကုန်တိုင်းစစ်ဌာန နယ်မြေအတွင်းအကြမ်းဖက်စစ်တပ် နှင့် ထိတွေ့တိုက်ပွဲပေါင်း (၅)ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ထိုးစစ်ကို ခုခံကာကွယ်မှုအနေဖြင့် (၂)ကြိမ် ၊ ရန်သူ့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုအနေဖြင့်(၂)ကြိမ် နှင့် ရန်သူ့စခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက်မှု (၁) ကြိမ် ရှိခဲ့သည်ဟုဖော်ပြသည်။.

၎င်းတိုက်ပွဲများအတွင်း ရန်သူ့ဘက်မှ (၁၃၀) ယောက်ခန့်သေဆုံးကာ၊ ရန်သူ (၁၀၀) ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်သုံ့ပန်း (၄)ဦး ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။

Narinjara News Image

တိုက်ပွဲအတွင်း သိမ်းဆည်း ရမိသည့် လက်နက်များမှာ MA1 (၃) လက်၊ MA11 (၄) လက်၊ MA4 (၁) လက်၊ ၅.၅၆ (ကပစ) ကျည် (၇၉၆) တောင့်၊ စက်လက်ကျည် (၆၀၀) တောင့်၊ RPG ဗုံးသီး (၈) လုံး၊ RPG ပို့ယမ်း (၆) တောင့်၊ ၆၀ မမ (၁) လက်၊ ၆၀ မမ ဗုံးသီး (၅) လုံး၊ ၄၀ မမ ဗုံးသီး (၂) လုံး၊ အီနာဂါ (၁) လုံး၊ နင်းမိုင်း (၁၅) လုံး၊ ရှေ့ထွက်မိုင်း (၆) လုံး၊ လက်ပစ်ဗုံး (၅) လုံး၊ ကပ်သီး (၅) ခု၊ မီးကြိုးခွေ (၁) ခွေ၊ MA11 ကျည်ဘောက် (၇) ဘောက်၊ ကျည်ကာဦးထုပ် (၇) လုံး၊ ကျည်ကာ (၅) စုံ၊ လွယ်အိတ် (၁၀) လုံး၊ ဆေးအိတ် (၁) လုံး၊ Jammer အကြီး (၂) လုံး၊ မီးစက် (၂) လုံးနှင့် အင်ဗာတာ (၁)လုံး တို့ဖြစ်ကြသည်။

PDF တော်လှန်ရေးတပ်ဖွဲ့များသည် တိုင်းစစ်ဌာနများအလိုက် စစ်ဆင်ရေးများကို စနစ်တကျ ကွပ်ကဲဖော်ဆောင်လျက်ရှိသည်ဟုဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့် အကြမ်းဖက်စကမအား စစ်မျက်နှာအသီးသီးတွင် ရွံ့ရွံ့ချွံချွံ တိုက်ပွဲဝင်လျက် ရှိရာ မိဘပြည်သူများအနေဖြင့်လည်း မိမိတို့ တပ်ဖွဲ့ဝင်များအား တတ်စွမ်းသရွေ့ ကူညီဖေးမ နိုင်ပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

AI Curated