မြောက်ဦးရွှေရိုးရာ  KTV  မှ လူကုန်ကူးမှုဖြင့်ဖမ်းဆီးခံထားရသူတာဝန်ရှိ         အမျိုးသမီး (၃)ဦးတရားစွဲဆိုမည်
general||3 MIN READ

မြောက်ဦးရွှေရိုးရာ  KTV  မှ လူကုန်ကူးမှုဖြင့်ဖမ်းဆီးခံထားရသူတာဝန်ရှိ အမျိုးသမီး (၃)ဦးတရားစွဲဆိုမည်

Narinjara
SourceNarinjara

AI Summary

ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ရွှေရိုးရာ KTV မှ ဆိုင်ပိုင်ရှင်အပါအဝင် အမျိုးသမီး သုံးဦးကို လူကုန်ကူးမှုဖြင့် ဖမ်းဆီးခဲ့ပြီး အမှုခိုင်လုံသဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အာရက္ခမှုခင်းနှင့်ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့ (ဒီလပ်) က ထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးခံရသူများမှာ ဆိုင်ပိုင်ရှင် ဒေါ်ခင်မိုးမိုးဝင်း၊ မန်နေဂျာ ဒေါ်လှလှဝင်း (ခ) မေခ နှင့် ဒု-မန်နေဂျာ ဒေါ်ပြည့်ပြည့်ဝင်း (ခ) ထိပ်ထားတို့ ဖြစ်ကြသည်။ ၎င်းတို့သည် KTV လုပ်ငန်းကို အကြောင်းပြကာ ဘဝရပ်တည်ရန်ခက်ခဲနေသည့် အမျိုးသမီးငယ်များနှင့် မသိနားမလည်သူများကို သွေးဆောင်ဖြားယောင်း၍ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မ ခိုင်းစေခဲ့ကြောင်း စွပ်စွဲခံထားရသည်။ ထို့ပြင် ပြည့်တန်ဆာလုပ်ငန်းမှ ရရှိသောငွေကြေးများကို ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းဖြင့် လူကုန်ကူးမှုများ ပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။ ဒီလပ်မှ ၎င်းတို့သုံးဦးအား ၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အမှုဖွင့်ထားသည်။ လက်ရှိတွင် ကျန်ရှိသည့် လုပ်ငန်းစဉ်များကို ပြီးပြည့်စုံအောင် ဆောင်ရွက်ပြီးနောက် ဥပဒေအကြံပြုချက်များနှင့်အညီ အမြန်ဆုံး တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိရဉ္စရာ၊ ဇွန် ၄/ ၂၀၂၅

ရခိုင်ပြည်၊ မြောက်ဦးမြို့၊ လူကုန်ကူးမှုဖြင့်ဖမ်းဆီးခံထားရသူ  ရွှေရိုးရာ  KTV  မှ ဆိုင်ပိုင်ရှင်အပါအဝင်အမျိုးသမီး ၃ဦးကိုအမှုခိုင်လုံသဖြင့် ဒီလပ်က တရားစွဲဆိုသွားမည်ဖြစ်ကြောင်း  အာရက္ခမှုခင်းနှင့်ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့မှဇွန် ၄ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

အဆိုပါ အမျိုးသမီး၃ ဦးမှာ ရွှေရိုးရာ  KTV ဆိုင်ပိုင်ရှင် ဒေါ် ခင်မိုးမိုးဝင်း( ၅၆)နှစ် (ဘ) ဦးလာချောင်၊ မန်နေဂျာ ဒေါ် လှလှဝင်း (ခ) မေခ (၄၅) နှစ် (ဘ) ဦးလှမြင့်နှင့် ဒု-မန်နေဂျာ ဒေါ်ပြည့်ပြည့်ဝင်း (ခ) ထိပ်ထား( ၄၁)နှစ်(ဘ) ဦးသန်းမောင်တို့ဖြစ်ကြသည်ဟုထုတ်ပြန်ချက်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်)မှ ၎င်းအမျိုးသမီး ၃ဦးအား ၂၀၂၆ ခုနှစ် ၊ မေလ (၂၄ ) ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

၎င်းတို့သည်မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်၊အမ်း-ကျောက်တော်ကားလမ်းမဘေး၌ ရွှေရိုးရာနာမည်ဖြင့် KTV လုပ်ငန်းလုပ်ကိုင်ရန်ဟု အကြောင်းပြကာ လူကုန်ကူးမှုလုပ်ငန်းများ လုပ်ကိုင်နေသည်ဟုဆိုသည်။

ရွှေရိုးရာ  KTV ဖြင့်ဆိုင်ဖွင့်လှစ်ပြီးနောက် ၎င်းတို့သည် ဘဝရပ်တည်ရန်ခက်ခဲနေကြသည့်မိန်းခလေးများ၏ အခြေအနေများကို အခွင့်ကောင်းယူပြီး  KTV လုပ်ငန်းလုပ်ကိုင်ရန်ဟုအကြောင်းပြလျက်မသိ နားမလည်သောအမျိုးသမီများအားသွေးဆောင်ဖြားယောင်းခေါ်ယူကာပြည့်တန်ဆာအဖြစ်အလုပ်လုပ်ရန် အတင်းအဓမ္မလုပ်ခိုင်းခြင်းများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ အမျိုးသမီးများအားပြည့်တန်ဆာအဖြစ် အတင်းအဓ္မမဝန်ဆောင်မှုပေးခိုင်းပြီး ရရှိလာသော ငွေကြေးများကို ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းနှင့်အတူလူကုန်ကူးမှုပြုလုပ်နေကြောင်းစစ်ဆေး တွေ့ရှိရသဖြင့်  ဒီလပ် စခန်း၏ အမှုအမှတ် (ပ) ၂၉/၂၀၂၆၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ-၃၅ ဖြင့် အမှု​ဖွင့်ထာသည်ဟုဆိုသည်။

၎င်းတို့ ၃ ဦးအား၂၀၂၆ ခုနှစ်၊ မေလ(၂၄)ရက်နေ့၊ ည၁၁ နာရီ ၁၅ မိနစ်အချိန်တွင်ဖမ်းဆီး၍ ချုပ်ရီမန်ရယူခြင်း၊ အမှုမှသက်သေခံပစ္စည်းများသိမ်း ဆည်းခြင်း၊ ကျန်ဒီလပ်လုပ်ငန်းများအား ပြည့်စုံခိုင်မာစွာ တည်ဆောက်ပြီး ဥပဒေအကြံပြုချက်များနှင့် အညီ အမြန်ဆုံး တရားစွဲတင်သွာ.မည် ဖြစ်သည်ကြောင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

AI Curated
မြောက်ဦးရွှေရိုးရာ  KTV  မှ လူကုန်ကူးမှုဖြင့်ဖမ်းဆီးခံထားရသူတာဝန်ရှိ အမျိုးသမီး (၃)ဦးတရားစွဲဆိုမည် | YGN Daily