
AI Summary
ဇွန် ၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ဧပြီ ၂၃ ရက်က ကြေညာခဲ့သည့် မြို့နယ် ၆၀ ရှိ စစ်အုပ်ချုပ်ရေးအမိန့်ကို ရက်ပေါင်း ၉၀ သက်တမ်းတိုးရန် အဆိုတင်သွင်းခဲ့သည်။ ဥပဒေရေးရာဝန်ကြီးနှင့် ရှေ့နေချုပ် ဒေါက်တာသီတာဦးက ဦးမင်းအောင်လှိုင်ကိုယ်စား တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ တချို့ဒေသများတွင် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသေးသည်ဟု ဆိုသည်။ အဆိုပါ မြို့နယ် ၆၀ တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတို့မှ မြို့နယ်များအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF ထိန်းချုပ်နယ်မြေများလည်း ပါဝင်သည်။ စစ်အုပ်ချုပ်ရေးကြေညာထားသည့် ဤမြို့နယ်များတွင် ပြစ်မှုအမျိုးအစား ၂၃ ခုကို စစ်ခုံရုံးက အကျဉ်းနည်းဖြင့် စစ်ဆေးစီရင်မည်ဖြစ်သည်။ လက်ရှိတွင် အဆိုတင်သွင်းထားဆဲဖြစ်ပြီး နောက်ဆုံးအခြေအနေကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

မြို့နယ်ပေါင်း ၆၀ မှာ ကြေညာထားတဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို သက်တမ်းတိုးဖို့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်တဲ့သတင်းအပါအဝင် ဇွန် ၅ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
မနေ့က ဇွန် ၂၃ ရက်ကဧပြီ ၂၃ ရက်က ကြေညာခဲ့တဲ့ မြို့နယ် ၆၀ က စစ်အုပ်ချုပ်ရေးကို သက်တမ်းတိုးဖို့ ဇွန် ၄ ရက် ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်
တိုက်ရိုက် ထုတ်လွှင့်ချက်
လွန်ခဲ့သော ၁၂ မိနစ် က စစ်အုပ်ချုပ်ရေးသက်တမ်းတိုးဖို့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်

မြို့နယ်ပေါင်း ၆၀ မှာ ကြေညာထားတဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို သက်တမ်းတိုးဖို့အတွက် ဦးမင်းအောင်လှိုင်ကိုယ်စား ဥပဒေရေးရာဝန်ကြီးနဲ့ ရှေ့နေချုပ် ဒေါက်တာသီတာဦးက မနေ့ကပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းလာပါတယ်။ တချို့ဒေသတွေမှာ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး ဆက်လုပ်ဖို့ လိုအပ်နေသေးတာကြောင့်လို့ ဆိုပါတယ်။
ဦးမင်းအောင်လှိုင်သမ္မတရာထူးရပြီး ပထမဆုံးအမိန့်အနေနဲ့ ဧပြီ ၂၃ ရက်မှာ မြို့နယ်ပေါင်း ၆၀ ကို အရေးပေါ်အခြေအနေကြေညာပြီး ဒီမြို့နယ်တွေရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ပေးအပ်ထားတာပါ။
ဒီအရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးကြေညာတဲ့အမိန့်ကို ရက်ပေါင်း ၉၀ သက်တမ်းတိုးဖို့ မနေ့က ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်ထားတာပါ။
အရေးပေါ်အခြေအနေကြေညာထားတဲ့ မြို့နယ်တွေထဲမှာ ကချင်ပြည်နယ်က ၅ မြို့နယ်၊ ကယားက ၃ မြို့နယ်၊ ကရင်က ၂ မြို့နယ်၊ ချင်းက ၇ မြို့နယ်၊ စစ်ကိုင်းက ၈ မြို့နယ်၊ မကွေးက ၅ မြို့နယ်၊ မန္တလေးတိုင်းက ၁ မြို့နယ်လည်း ပါဝင်ပါတယ်။ အာရက္ခတပ်တော် (အေအေ) အပြင် ကချင်လွတ်လပ်ရေးတပ်(KIA)၊ မိုင်းလားတပ်(NDAA)၊ တအာင်းတပ်(TNLA) ၊ ကိုးကန့်တပ် (MNDAA) ၊ ချင်းကာကွယ်ရေးတပ်တွေနဲ့ PDF (ပြည်သူ့ကာကွယ်ရေးတပ်)ရဲ့ ထိန်းချုပ်နယ်မြေတွေလည်း အရေးပေါ် အခြေအနေ ကြေညာတဲ့အထဲပါဝင်တာ ဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာလိုက်တာကြောင့် ဒီမြို့နယ်တွေက ပြစ်မှုအမျိုးအစား ၂၃ ခုကို စစ်ခုံ ရုံးကနေ အကျဥ်းနည်းနဲ့ စစ်ဆေးစီရင်မှာဖြစ်ပါတယ်။

လွန်ခဲ့သော ၁၇ မိနစ် က
မင်္ဂလာပါ။ ဇွန် ၅ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။