ရန်ကုန်-ပြည်ကားလမ်း၌ ခြောက်ဘီးယာဉ်တိမ်းမှောက်ပြီး ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
general||2 MIN READ

ရန်ကုန်-ပြည်ကားလမ်း၌ ခြောက်ဘီးယာဉ်တိမ်းမှောက်ပြီး ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

DVB
SourceDVB
Back to News

AI Summary

မေလ ၃၁ ရက်နေ့တွင် ရန်ကုန်-ပြည် ကားလမ်းမပေါ်၌ ခြောက်ဘီးယာဉ်တစ်စီး အရှိန်ပြင်းပြင်းဖြင့် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါလာသူ အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ယာဉ်သည် အရှိန်ပြင်းစွာ မောင်းနှင်လာပြီး စလစ်ဖြစ်ကာ လမ်းဘေးသို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။ သေဆုံးသူမှာ ဦးခေါင်းထိခိုက်မှုကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူနှစ်ဦးအနက် တစ်ဦးမှာ စိုးရိမ်ရကာ ကျန်တစ်ဦးမှာ ပွန်းပဲ့ဒဏ်ရာသာ ရရှိခဲ့သည်။ သေဆုံးသူ၏ ရုပ်အလောင်းကို ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး စိုးရိမ်ရသည့် ဒဏ်ရာရရှိသူကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ ကျန်တစ်ဦးကို သာယာဝတီဆေးရုံသို့လည်းကောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo: မီးသတ်တပ်ဖွဲ့၊ ဓမ္မဝိဇယ လူမှုကူညီရေးအသင်း

ရန်ကုန်-ပြည် ကားလမ်းမပေါ်မှာ မေ ၃၁ ရက်က ခြောက်ဘီးယာဉ်တစီး အရှိန်ပြင်းပြင်းနဲ့ တိမ်းမှောက်တာကြောင့် လူတယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

မနေ့ နေ့လယ် ၁ နာရီခွဲလောက်က ရန်ကုန်-ပြည်ကားလမ်း ၁၀၈ မိုင် ၁ ဖာလုံ၊ ထောက်ကြန့်ကွင်းကျေးရွာအနီးမှာ ခြောက်ဘီးယာဉ်တစီး တိမ်းမှောက်တာကြောင့် ယာဉ်မောင်းတယောက် သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါလာတဲ့ ၂ ယောက် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုကို ကူညီဆောင်ရွက်ပေးသူတယောက်က “မောင်းလာတဲ့ယာဉ် တိမ်းမှောက်တာ။ ယာဉ်က စလစ်ဖြစ်ပြီး မှောက်တဲ့ပုံစံ ဖြစ်ပါတယ်။ ယာဉ်က အရှိန်ပြင်းပုံရတယ်။ လမ်းဘေးကို စောင်းကျတာ။ ယာဉ်ပေါ်မှာပါလာတဲ့ လူ ၃ ယောက်ထဲက တယောက်က ပွဲချင်းပြီး သေဆုံးသွားပါတယ်။ ဦးခေါင်းရိုက်မိ ထိခိုက်တာကြောင့် ဆုံးသွားတာ” လို့ ပြောပါတယ်။

ယာဉ်တိမ်းမှောက်တာကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေဟာ အမျိုးသားတွေဖြစ်ပြီး ဒဏ်ရာရရှိတဲ့ အမျိုးသား ၂ ယောက်ထဲက တယောက် စိုးရိမ်ရပြီး တယောက်က ပွန်းပဲ့ဒဏ်ရာလောက်သာ ရရှိတယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို သဒ္ဓါဖြူ (အေးမြသာယာ) လူမှုကူညီရေးအသင်းက ယာဉ်နဲ့ ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူတယောက်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကာ တယောက်ကို သာယာဝတီဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ရန်ကုန်-ပြည်ကားလမ်း၌ ခြောက်ဘီးယာဉ်တိမ်းမှောက်ပြီး ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ | YGN Daily