နန်းမယ်ခုံမြို့နယ် စစ်တပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက် ကလေး (၂) ဦး သေဆုံး
politics||2 MIN READ

နန်းမယ်ခုံမြို့နယ် စစ်တပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက် ကလေး (၂) ဦး သေဆုံး

Back to News

AI Summary

ကရင်နီပြည်နယ် နန်းမယ်ခုံမြို့နယ် လီဝိုးကျေးရွာရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ်နှင့် ၆ နှစ်အရွယ် ကလေးငယ်နှစ်ဦး သေဆုံးခဲ့သည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒေသများကို စစ်ကောင်စီက လက်နက်ကြီးနှင့် ဒရုန်းများဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိခြင်းကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်နေသည်။ အဆိုပါတိုက်ခိုက်မှုတွင် ကလေးငယ်တစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ ဆေးကုသမှုခံယူရန် ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်။ စစ်ကောင်စီတပ်သည် နန်းမယ်ခုံမြို့နယ်အပြင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ကရင်နီပြည်နယ် နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာအတွင်းရှိ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး (၂) ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇွန်လ ၂၄ ရက်) နေ့လည် ၁ နာရီဝန်းကျင်တွင် နန်းမယ်ခုံမြို့နယ် လီဝိုးကျေးရွာရှိ စာသင်ကျောင်းတခုကို စစ်ကော်ရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေး နှစ် ဦး သေဆုံးခဲ့ကြောင်း သျှမ်း-ကရင်နီ တကြော စစ်ရှောင်ကူညီပေးနေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မနေ့က ဒရုန်းနဲ့ကြဲတာပါ။ကလေးနှစ်ယောက် ထိခိုက်သေဆုံးခဲ့တယ်။ကျောင်းကို ဒရုန်းနဲ့ တောက်လျှောက် ကြဲခဲ့တာပါ။” ဟု သျှမ်း-ကရင်နီ တကြော စစ်ရှောင်ကူညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးသည့် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်ကလေးငယ်တစ်ဦးသည် ဆေးကုသမှုခံယူရန် ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်းသိရသည်။

ထိုသေဆုံးခဲ့သည့် ကလေးနှစ်ဦသည် အသက် ၁၀ နှစ် ဝန်းကျင် ကလေးငယ်တစ်ဦး နှင့် ၆ နှစ်အရွယ်ရှိ ကလေး တစ်ဦး ဖြစ်ကြောင်းသိရသည်။

စစ်ကော်မရှင်တပ်က မိုးဗြဲမြို့နယ်မှတဆင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နန်းမယ်ခုံမြို့နယ်ဘက်ကို လက်နက်ကြီးပစ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကို မကြာခဏပြုလုပ်လေ့ရှိကြောင်း သိရသည်။

အလားတူယမန်နေ့ (ဇွန်လ ၂၄ ရက်) ည ၁၀ နာရီဝန်းကျင်တွင် ဒီးမော့ဆိုအနောက်ခြမ်း လွိုင်နန်းဖမြို့နယ်အတွင်း ကျေးရွာတစ်ခုကို စစ်ကော်မရှင်က လေကြောင်း ဗုံးကြဲခိုက်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

AI Curated