မူဆယ်ဒေသခံများထံ လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ ဆက်ကြေးကောက်ခံ
politics||3 MIN READ

မူဆယ်ဒေသခံများထံ လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ ဆက်ကြေးကောက်ခံ

Back to News

AI Summary

သျှမ်းပြည် မူဆယ်မြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံမှ စီးပွားရေးလုပ်ငန်းရှင်များထံ အခွန်အခများ ထပ်မံကောက်ခံလျက်ရှိသည်။ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်တွင် လက်နက်ကိုင်အဖွဲ့များအပြင် အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများကပါ အခွန်ကောက်ခံခြင်းကြောင့် ဒေသခံလုပ်ငန်းရှင်များမှာ စီးပွားရေးအရ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ အဆိုပါအဖွဲ့များမှာ လုံခြုံရေးတာဝန်ယူပေးခြင်းမရှိသည့်အပြင် လက်နက်ကိုင်အယောင်ဆောင်သူများ၏ ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေကြသည်။ အခွန်မပေးဆောင်သူများကို လက်ပစ်ဗုံးဖြင့် ခြိမ်းခြောက်ခြင်းများရှိနေပြီး မကြာသေးမီကလည်း ရွှေဆိုင်ပိုင်ရှင်မိသားစု လုယက်ခံရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ လက်ရှိတွင် မူဆယ်မြို့၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ စစ်တပ်နှင့် ပြည်သူ့စစ်အဖွဲ့များ အပါအဝင် အဖွဲ့ပေါင်းစုံ လှုပ်ရှားလျက်ရှိသည်။

ထင်ရှားသော ပြောကြားချက်များ

"ဒီတပတ်ထဲမှာ KIA ဘက်က အခွန်လာကောက်တယ်။ အခွန်စာရွက်ထဲမှာက ရက်ကျော်နေပြီ၊ လက်မှတ်ထိုးထားတာဆိုရင် ၂၀၂၅ နိုဝင်ဘာလ ရက်စွဲနဲ့။ အောက်ခြေတပ်သားက လုပ်စားတာလားဆိုတဲ့ဟာ သူတို့အထက်က စစ်ဆေးဖို့လိုတယ်။ ဒီလိုလုပ်တာက ပြည်သူတွေကို အခက်အခဲ ဖြစ်စေတယ်၊ ဒီတခေါက် အခွန်လာကောက်တာက ကျောင်းတွေ ကုန်စုံဆိုင်တွေ ဖုန်းဆိုင်တွေ"

"မူဆယ်မှာက TNLA အခွန်၊ SSPP အခွန်၊ KIA အခွန် ဆိုပြီး အဖွဲ့ပေါင်းဆုံ လာကောက်တော့ တော်တော်ဒုက္ခရောက်တယ်။ နောက်ပြီး PDF အဖွဲ့အပြင် နယ်ခြားစောင့် BGF အဖွဲ့တွေကလည်း ထပ်လာကောက်တယ်။ မထည့်ရင် လက်ပစ်ဗုံးနဲ့ လာခြိမ်းခြောက်တာ ရှိတယ်၊ အရင်က ၂ ခါ လာပစ်တာ တစ်ခါပေါက်ကွဲသေးတယ်"

သျှမ်းပြည် မူဆယ်မြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ပေါင်းစုံမှ စီးပွားရေးလုပ်ငန်းရှင်များထံ အခွန်(ဆက်ကြေးငွေ)များ ထပ်မံကောက်ခံလာကြောင်း စုံစမ်းသိရသည်။

ဇွန်လဆန်းပိုင်းမှ စတင်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့ရှိ ကိုယ်ပိုင်ကျောင်းများ၊ ကုန်စုံဆိုင်များ၊ ဖုန်းဆိုင်များနှင့် ငွေလဲလုပ်ငန်း လုပ်ကိုင်သူများကို လက်နက်ကိုင်အဖွဲ့အစည်း ပေါင်းစုံမှ အခွန်(ဆက်ကြေးငွေ)များ ထပ်မံကောက်ခံလာကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“ဒီတပတ်ထဲမှာ KIA ဘက်က အခွန်လာကောက်တယ်။ အခွန်စာရွက်ထဲမှာက ရက်ကျော်နေပြီ၊ လက်မှတ်ထိုးထားတာဆိုရင် ၂၀၂၅ နိုဝင်ဘာလ ရက်စွဲနဲ့။ အောက်ခြေတပ်သားက လုပ်စားတာလားဆိုတဲ့ဟာ သူတို့အထက်က စစ်ဆေးဖို့လိုတယ်။ ဒီလိုလုပ်တာက ပြည်သူတွေကို အခက်အခဲ ဖြစ်စေတယ်၊ ဒီတခေါက် အခွန်လာကောက်တာက ကျောင်းတွေ ကုန်စုံဆိုင်တွေ ဖုန်းဆိုင်တွေ” ဟု မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့နယ်တွင် TNLA ၊ KIA နှင့် SSPP/SSA စသည့် လက်နက်ကိုင် တပ်ဖွဲ့များမှ ပြည်သူလူထုထံ အခွန်ကောက်ခံသော်လည်း ၎င်းတို့မှ လုံခြုံရေး တာဝန်ယူမှုမရှိဘဲ အမည်မသိ လူစုများမှ လက်နက်ကိုင်တပ်ဖွဲ့ အယောင်ဆောင်ပြီး ဓားပြတိုက်၊ ပြန်ပေးဆွဲခြင်းများ မကြာခဏ ရှိလာကြောင်း မူဆယ်ဒေသခံများက ပြောသည်။

” စျေးထဲမှာ တရုတ်ငွေလဲလုပ်တဲ့ လူတွေကို SSPP ဘက်က တစ်နှစ်စာ ယွမ်ငွေ ၁၀၀၀ နဲ့ ၂၀၀၀ ကြား (မြန်မာကျပ်ငွေ ကာလပေါက်ဈေး ၆ သိန်းမှ ၁၂ သိန်းကျော်) ကောက်တယ်။ ကျမတို့ ပညာရေးဝန်ဆောင်မှုပ်လုပ်နေသူကိုတော့ KIA က ဖုန်းပဲ ဆက်လာသေးတယ် မကောက်သေးဘူး၊ ဘယ်လောက် ကောက်မလဲဆိုတာ မသိသေးဘူး” ဟု မူဆယ်မြို့နေ ပညာရေးဝန်ဆောင်မှု လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့ အနီးတဝိုက်တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ သွားလာလှုပ်ရှားလျက် ရှိသကဲ့သို့ မြို့တွင်း၌လည်း စစ်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ၁၅ ဖွဲ့ထက်မနည်း လှုပ်ရှားနေကြောင်း သိရသည်။

“မူဆယ်မှာက TNLA အခွန်၊ SSPP အခွန်၊ KIA အခွန် ဆိုပြီး အဖွဲ့ပေါင်းဆုံ လာကောက်တော့ တော်တော်ဒုက္ခရောက်တယ်။ နောက်ပြီး PDF အဖွဲ့အပြင် နယ်ခြားစောင့် BGF အဖွဲ့တွေကလည်း ထပ်လာကောက်တယ်။ မထည့်ရင် လက်ပစ်ဗုံးနဲ့ လာခြိမ်းခြောက်တာ ရှိတယ်၊ အရင်က ၂ ခါ လာပစ်တာ တစ်ခါပေါက်ကွဲသေးတယ်” ဟု မူဆယ်ဒေသခံ အဆိုပါအမျိုးသားက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၉) ရက် နေ့လယ်ပိုင်းတွင် မူဆယ်မြို့ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစုဝင်နှစ်ဦး နေအိမ်သို့ ပြန်လာစဉ် အမည်မသိ လက်နက်ကိုင်ဆောင်သူ အမျိုးသား(၄)ဦးမှ ကားဖြင့် ဝင်တိုက်ကာ သေနတ်ပစ်ဖောက်ပြီး ဓားပြတိုက် လုယက်ခဲ့ကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

ဆက်စပ်သတင်းများ

AI Curated
မူဆယ်ဒေသခံများထံ လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ ဆက်ကြေးကောက်ခံ | YGN Daily