နေပြည်တော်တွင် ဆည်အတွင်း ရေဆင်းကူးသည့် အမျိုးသား ပြွန်လုံးထဲဝင်ရောက်သွားပြီး သေဆုံး
society||2 MIN READ

နေပြည်တော်တွင် ဆည်အတွင်း ရေဆင်းကူးသည့် အမျိုးသား ပြွန်လုံးထဲဝင်ရောက်သွားပြီး သေဆုံး

DVB
SourceDVB
Back to News

AI Summary

နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ အလျင်လိုဆည်မြောင်းအတွင်း ရေဆင်းကူးသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ရေပြွန်လုံးအတွင်းသို့ စီးဝင်သွားခဲ့ပြီးနောက် သေဆုံးသွားခဲ့သည်။ အဆိုပါဖြစ်စဉ်မှာ ရေကူးစဉ် ရေပြွန်အတွင်းသို့ ရောက်ရှိသွားခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားချိန်တွင် ဒေသခံများက ကူညီကယ်ဆယ်ရေးအဖွဲ့များထံ အကြောင်းကြားခဲ့သော်လည်း အဆိုပါအမျိုးသားမှာ အသက်ဆုံးရှုံးခဲ့ရသည်။ ကူညီကယ်ဆယ်ရေးအဖွဲ့များက ရုပ်အလောင်းကို ဆယ်ယူကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ပျဉ်းမနားမြို့နယ်တွင် ယခုကဲ့သို့ ဆည်မြောင်းရေပြွန်အတွင်း ဝင်ရောက်သေဆုံးသည့်ဖြစ်စဉ်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ထင်ရှားသော ပြောကြားချက်များ

"ဒေသခံတွေက သိရှိပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အကြောင်းကြားတာ။ ပျဉ်းမနား အရန်မီးသတ်တပ်ဖွဲ့က အရေးပေါ် ကူညီကယ်ဆယ်ခဲ့ပေမဲ့ ပြွန်လုံးထဲ ဝင်သွားတဲ့ အမျိုးသားက သေဆုံးသွားတာ"

Photo: Ko Hein

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာ ဆည်မြောင်းအတွင်း ရေဆင်းကူးတဲ့ အမျိုးသားတယောက် ဆည်းရေပြွန်လုံးအတွင်း ဝင်သွားခဲ့ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၁၁ ရက်၊ ညနေ ၄ နာရီခွဲ ဝန်းကျင်လောက်က ပျဉ်းမနားမြို့နယ် အလျင်လိုဆည်မြောင်းထဲ ရေဆင်းကူးတဲ့ အမျိုးသားဟာ ပြွန်လုံးအတွင်း ဝင်ရောက်သွားခဲ့ပြီးနောက် ပြန်ထွက်မလာတဲ့အတွက် ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆယ်ထုတ်ခဲ့ပေမဲ့ အသက်သေဆုံးသွားတာလို့ သိရပါတယ်။

ပျဉ်းမနားမြို့ခံတယောက်က “ဒေသခံတွေက သိရှိပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အကြောင်းကြားတာ။ ပျဉ်းမနား အရန်မီးသတ်တပ်ဖွဲ့က အရေးပေါ် ကူညီကယ်ဆယ်ခဲ့ပေမဲ့ ပြွန်လုံးထဲ ဝင်သွားတဲ့ အမျိုးသားက သေဆုံးသွားတာ” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားဟာ အသက် ၃၀ အရွယ်ဖြစ်ပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အလောင်းကို ဆယ်ယူပေးခဲ့ပြီး ဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဆည်အတွင်း ရေဆင်းကူးခဲ့ပြီး ရေပြွန်အတွင်း ဝင်သွားကာ သေဆုံးသွားရတဲ့ ဖြစ်စဉ်ဟာ ပျဉ်းမနားမြို့နယ်မှာ ပထမဆုံးအကြိမ် ဖြစ်တာလို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၂၇ ရက်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ဆည်ကန်အရှေ့ကျေးရွာ၊ အနောက်ဘက်ရှိ ငလိုက်ဆည် ရေလွှတ်ရေမြောင်းအတွင်း ရေဆင်းချိုးတဲ့ G-8 ကျောင်းသားတယောက် ရေနစ်သေဆုံးခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
နေပြည်တော်တွင် ဆည်အတွင်း ရေဆင်းကူးသည့် အမျိုးသား ပြွန်လုံးထဲဝင်ရောက်သွားပြီး သေဆုံး | YGN Daily