ရန်ကုန် ဆီဒိုနားဟိုတယ် အထပ်မြင့်ပေါ်မှ အမျိုးသား ၁ ဦး ကျသေဆုံး
society||2 MIN READ

ရန်ကုန် ဆီဒိုနားဟိုတယ် အထပ်မြင့်ပေါ်မှ အမျိုးသား ၁ ဦး ကျသေဆုံး

DVB
SourceDVB
Back to News

AI Summary

ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းက ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်ရှိ ဆီဒိုနားဟိုတယ် အထပ်မြင့်ပေါ်မှ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့သည်။ ၎င်းအမျိုးသားသည် အောက်တွင်ရပ်ထားသော အိမ်စီးကားပေါ်သို့ ပြုတ်ကျခဲ့ပြီး ဦးခေါင်းအပြင်းအထန် ထိခိုက်ကာ နေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူမှာ တရုတ်နိုင်ငံသားဖြစ်သည်ဟု ကနဦးသတင်းများ ထွက်ပေါ်ခဲ့သော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ ရုပ်အလောင်းကို သင်္ဃန်းကျွန်း၊ စံပြဆေးရုံသို့ ပို့ဆောင်ထားသည်။ ၎င်းသည် မတော်တဆပြုတ်ကျခြင်းလား၊ ခုန်ချသတ်သေခြင်းလား၊ သို့မဟုတ် အခြားသူတစ်ဦးကြောင့် သေဆုံးခြင်းလားဆိုသည်ကို တိတိကျကျ မသိရသေးပေ။ အခင်းဖြစ်ပွားချိန်တွင် ဟိုတယ်ဘေး ကားလမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ပြီး သတင်းဖုံးဖိရန် ကြိုးစားမှုများ ရှိခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ ထို့ပြင် အဆိုပါသေဆုံးမှုသည် အခြားသေမှုသေခင်းတစ်ခုနှင့် ဆက်စပ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။

Photo: မိုးစေတနာပရဟိတအသင်း

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်ရှိ ဆီဒိုနားဟိုတယ်အထပ်မြင့်ကနေ အမျိုးသားတယောက် ဇွန် ၁၀ ရက် မနက်ပိုင်းက ကျ​လာပြီး နေရာမှာတင် သေဆုံးမှုဖြစ်ခဲ့တယ်လို့ အခင်းဖြစ်ချိန်အနီးနားမှာ ရှိနေသူတွေဆီက သိရပါတယ်။

သေဆုံးသူမှာ အသက် ၃၀ အရွယ် အမျိုးသားတယောက် ဖြစ်ပြီး တရုတ်နိုင်ငံသားဆိုပြီး ကနဦး သတင်းတွေထွက်ခဲ့ပေမဲ့ သီးခြား အတည်ပြုလို့မရသေးပါဘူး။

အဆိုပါအမျိုးသားဟာ အထပ်မြင့်ကနေ အောက်မှာရပ်ထားတဲ့ အိမ်စီးကားပေါ်ကျလာ ပြီး ဦးခေါင်းအပြင်းထန်ထိခိုက်သေဆုံးခဲ့ တာလို့ ဆိုပါတယ်။

အခြေအနေကို မြင်တွေ့ခဲ့သူတယောက်က “ အိမ်စီးကားပေါ်အရင်ကျတာ၊ ကား ရဲ့ရှေ့ခေါင်းခြမ်းလည်း ကြေသွားတယ်" လို့ ပြောပါတယ်။

တိုက်ပေါ်က ကျသေဆုံးသူရဲ့ ရုပ်အလောင်း ရောက်ရှိလာတာမှန်တယ်လို့ သင်္ဃန်းကျွန်း၊ စံပြဆေးရုံမှ  တာဝန်ကျဝန်ထမ်းတယောက်က ပြောပါတယ်။

အဲဒီလို သေဆုံးမှုဖြစ်ချိန်မှာ ဆီဒိုနားဟိုတယ်ဘေးက ကားလမ်းပိတ်ဆို့မှုတွေရှိခဲ့ပြီး သတင်းကို ဖုံးဖိကြိုးစားတာမျိုးတွေ့ရတယ်လို့ ရန်ကင်းမြို့နယ်၊ တိုက် ၁၂ လုံးတန်းမှ နေသူတယောက်က ပြောပါတယ်။

အဆိုပါအမျိုးသားဟာ မတော်တဆပြုတ်ကျသေဆုံးတာလား၊ ခုန်ချသတ်သေတာလား၊ တစုံတယောက်ကြောင့် သေဆုံးတာလားဆိုတာ မသိရသေးသလို၊  အဲဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး တခြားသေမှုသေခင်းတခုနဲ့ ဆက်စပ်နေတယ်လို့လည်း သတင်းထွက်နေပေမဲ့ အတည်ပြုလို့မ ရသေးပါဘူး။

ဆက်စပ်သတင်းများ

AI Curated
ရန်ကုန် ဆီဒိုနားဟိုတယ် အထပ်မြင့်ပေါ်မှ အမျိုးသား ၁ ဦး ကျသေဆုံး | YGN Daily