ဧရာဝတီတိုင်းတွင် ၅ လအတွင်း ရိုဟင်ဂျာ ၃၀၀ ခန့် ဖမ်းဆီးခံရ

ဧရာဝတီတိုင်းတွင် ၅ လအတွင်း ရိုဟင်ဂျာ ၃၀၀ ခန့် ဖမ်းဆီးခံရ

DVB
SourceDVB

AI Summary

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် ၅ လအတွင်း ရိုဟင်ဂျာ ၃၀၀ နီးပါးကို စစ်အာဏာရှင်တပ်နှင့် ရဲများက ဖမ်းဆီးခဲ့ပြီး အချို့ကို ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ၎င်းတို့သည် ရခိုင်ပြည်နယ်မှ စစ်ပွဲများကြောင့် ထွက်ပြေးလာကြသူများဖြစ်ပြီး ရန်ကုန်မှတစ်ဆင့် မလေးရှားသို့ သွားရန် သို့မဟုတ် ရန်ကုန်တွင် နေထိုင်ရန် ရည်ရွယ်ချက်ဖြင့် လာရောက်ကြခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၁၈၀ ကျော်၊ အမျိုးသမီး ၁၀၀ ဝန်းကျင်နှင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၄၀ ကျော် ပါဝင်သည်။ ဖမ်းဆီးခံရသူ ၁၂၀ ကို လ.ဝ.က ဥပဒေဖြင့် ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး ကလေးငယ်များကို ငှက်အော်စမ်း ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားသည်။ ထို့အပြင် ရိုဟင်ဂျာများကို ကူညီပို့ဆောင်ပေးသည့် မြန်မာကားသမားများ၊ ပွဲစားများနှင့် စက်လှေ အငှားလိုက်များ အယောက် ၂၀ ထက်မနည်းလည်း ဖမ်းဆီးခံထားရသည်။

ဖမ်းဆီးခံ ရိုဟင်ဂျာများ။ (Photo: KKL ၊ Taw Win)

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၅ လအတွင်း အကြောင်းအမျိုးမျိုးနဲ့ ဝင်လာတဲ့ ရိုဟင်ဂျာ အယောက် ၃၀၀ နီးပါးကို စစ်အာဏာရှင်တပ်နဲ့ ရဲတွေကဖမ်းဆီးခဲ့ပြီး တချို့ကို ထောင်ဒဏ်တွေ ချမှတ်ထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တွေဆီက သိရပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ ရိုဟင်ဂျာ ၃၀၀ နီးပါးကို ဖမ်းဆီးခဲ့ပြီ ဖမ်းဆီးခံရသူတွေထဲက အယောက် ၁၂၀ ကို လ.ဝ.က ဥပဒေနဲ့ ထောင်ဒဏ်တွေချမှတ်ခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“အဖမ်းခံရတဲ့ ရိုဟင်ဂျာတွေက ရခိုင်ပြည်နယ်ကကနေ လာတာများတယ်။ စစ်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေ အဖမ်းခံရတာ။ ထောင်ဒဏ်ချမှတ်ခံရသူတွေလည်း ရှိတယ်။ အဖမ်းခံရတဲ့အထဲ အမျိုးသားတွေ များတယ်။”

ဖမ်းဆီးရမိထားတဲ့ ရိုဟင်ဂျာတွေဟာ ဘိုကလေး၊ သာပေါင်း၊ ဟင်္သာတ၊ ဝါးခယ်မ၊ ရေကြည်၊ ဟိုင်းကြီးကျွန်း၊ လေးမျက်နှာ၊ ကြံခင်း၊ လပွတ္တာ၊ ပုသိမ် စတဲ့မြို့နယ်တွေကနေ အများဆုံး ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

ရိုဟင်ဂျာတွေကို ကူညီပေးသူတယောက်က “ရိုဟင်ဂျာတွေကို ရဲတွေက အမှုဖွင့်တာများတယ်။ လဝက ဥပဒေနဲ့ အမှုဖွင့်ထောင်ချတာ။ ထောင်ချခံရတဲ့ ရိုဟင်ဂျာတွေထဲကနေ အသက် ၁၈ နှစ်နဲ့အောက် ကလေးနေတွေကို ထိန်းသိမ်းရေးစခန်း ငှက်အော်စမ်းကို ပို့ထားတယ်လို့ သိရတယ်။ ထောင်ဒဏ်နဲ့ ပုဒ်မတွေကလည်း အမျိုးမျိုးပဲ”လို့ ပြောပါတယ်။

အဖမ်းခံရတဲ့သူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် အယောက် ၄၀ ကျော်၊ အမျိုးသားအယောက် ၁၈၀ ကျော်နဲ့ ကျန်တဲ့ အယောက် ၁၀၀ ဝန်းကျင်လောက်ဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်မှကနေ ရန်ကုန်တိုင်းဘက်ကို စက်လှေတွေ၊ စင်းလုံးငှား မော်တော်ယာဉ်တွေ၊ ရိုးရိုးလှေတွေနဲ့ ထွက်ခွာလာတာဖြစ်ပြီး ရန်ကုန်ကနေတဆင့် မလေးရှားနိုင်ငံကို သွားမဲ့သူတွေ ပါသလို ရန်ကုန်မှာ နေမဲ့သူတွေလည်း ပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေကို ကူညီပို့ဆောင်ပေးတဲ့ မြန်မာကားသမားတွေ၊ ပွဲစားတွေ၊ စက်လှေ အငှားလိုက်တွေ အယောက် ၂၀ ထက်မနည်းကိုလည်း ဖမ်းဆီးခံထားရ ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ဧရာဝတီတိုင်းတွင် ၅ လအတွင်း ရိုဟင်ဂျာ ၃၀၀ ခန့် ဖမ်းဆီးခံရ | YGN Daily