ညောင်ကျိုးသို့မြေခေါင်းတူးပြီးတက်လားသည့် အာဏာသိမ်းစစ်တပ် စစ်ကြောင်းအကျအဆုံးများပြီး             ပြန်နောက်ဆုတ်သွား
general||3 MIN READ

ညောင်ကျိုးသို့မြေခေါင်းတူးပြီးတက်လားသည့် အာဏာသိမ်းစစ်တပ် စစ်ကြောင်းအကျအဆုံးများပြီး ပြန်နောက်ဆုတ်သွား

Narinjara
SourceNarinjara

AI Summary

AA ညောင်ကျိုးရွာ စစ်ကြောင်း တိုက်ခိုက်။ စစ်တပ် အကျအဆုံးများ၊ ဆုတ်ခွာ။ စစ်တပ် လေကြောင်းသုံး၊ တိုက်ပွဲများ ဆက်ဖြစ်။

နိရဉ္စရာ၊  မေ ၁၇/ ၂၀၂၆

အာရက္ခတပ်တော်(AA)ကသိမ်းပိုက်ထားသောပန်းတောင်မြို့နယ်၊ ရိုးမပေါ်ရှိ ညောင်ကျိုးကျေးရွာသို့မြေခေါင်းတူးပြီးတက်လာသောအာဏာသိမ်းမြန်မာစစ်တပ်စစ်ကြောင်း တစ်ခုသည် အာရက္ခတပ်တော် (AA)၏ တိုက်ခိုက် ချေမှုန်းခြင်းကို ခံလိုက်ရသဖြင့် အကျအဆုံးများဖြင့်  ပြန်နောက်ဆုတ်သွားသည်ဟု  သတင်းရရှိသည်။

"မြေခေါင်းတူးပြီးတက်နေတာတော့ကြာနေပြီ။တပ်တော်ကစောင့်ကြည့်နေတာကြာပြီ။ အဲဒီစစ်ကြောင်းကို မေ၁၄ ရက်နေ့က အပြတ်သတ်ချေမှုန်းလိုက်နိုင်တယ်။ တချို့စစ်သားတွေက မြေမြှုပ်ပြီးသား ဖြစ်သွားတယ်"ဟုပြောသည်။

၎င်းစစ်ကြောင်းသည်မကြာသေးမီရက်ပိုင်းအတွင်းကဆင်လမ်စခန်းတွင်အင်အားဖြည့်ပြီး လေလာတောင်ရှေ့တန်းစခန်းမှတဆင့် ထပ်မံအင်အားဖြည့်တင်းကာ ညောင်ကျိုးသို့မြေခေါင်းတူးပြီးတက်လာခဲ့သည်ဟု ဆိုသည်။

“ သူတို့လည်း ဇွဲမလျော့ဘူး။ အသေခံတက်တာ။ လက်ရှိတပ်ဖွဲ့ဝင်တွေနဲ့စုပေါင်းထားတဲ့ စစ်ကြောင်း။တိုက်ပွဲဖြစ်နေတာတော့ ကြာနေပြီ။  မြေခေါင်းတူးပြီးတက်လာတာ။AA အသင့်စောင့်ဆိုင်းပြီးတိုက်တာ။အထိနာတော့ ပြန်ဆုတ်သွားတယ်”ဟု ပြောသည်။

၎င်းတိုက်ပွဲအတွင်းတွင်လည်းမြန်မာအာဏာသိမ်းစစ်တပ်မှ အကျအဆုံးများသဖြင့်  လေယာဉ်ဖြင့်ညောင်ကျိုးကျေးရွာနှင့်ပတ်ဝန်းကျင်ကို အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အလားတူ မြန်မာစစ်တပ်သည်ယခုရက်ပိုင်း ကပစ ၁၆ ၏ အဓိက ပွိုင့်ကုန်းတစ်ခုဖြစ်သော ပွိုင့် ၅၀၀ ကုန်းကို တော်လှန်ရေးဖက်က ဝိုင်းပိတ်ဆို့ထားမှုကြောင့် ကပစ (၁၆)မှ ထပ်မံအင်အားဖြည့်ပြီး ပတ်ဝန်းကျင်ကိုဒရုန်း၊ဂျက်တိုက်လေယာဉ်တို့ဖြင့် ပစ်ခတ်မူပြုနေသည်ဟုသိရသည်။

"ပွိုင့် ၅၀၀ ကုန်းကို စစ်ကူစစ်ကြောင်းတွေလာတယ်။ မရောက်သေးဘူး ဒီနေ့လေကြောင်းက နေ ပွိုင့်ကုန်းပတ်လည်ကို ဗုံးကြဲတိုက်ခိုက်နေတယ်"ဟုပြောသည်။

မြန်မာအကြမ်းဖက်စစ်တပ်နှင့်အာရက္ခတပ်တော် ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့တို့သည်ရှေ့တန်း စစ်မျက်နှာများဖြစ်ကြသည့်ဧရာဝတီတိုင်း၊ ရေကြည် အမတ (၃၄၄)၊ တောင်ကုတ်-ပန်းတောင်းရိုးလမ်း၊အမ်း-ပဒန်းရိုးလမ်း၊ကျောက်ဖြူနှင့်စစ်တွေတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ယမန်နေ့ မနက်ပိုင်းတွင်လည်းရခိုင်ပြည်နယ်ထဲက ပုဏ္ဏားမြို့ပေါ်ရပ်ကွက်ဖြစ်သော စံပြရပ်ကွက်ကို ဂျက်ဖိုက်တာ နှစ်စီးဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံပြည်သူနေအိမ် ၅ ဆောင်ပျက်စီးသွားသည်။

ဆက်စပ်သတင်းများ

AI Curated
ညောင်ကျိုးသို့မြေခေါင်းတူးပြီးတက်လားသည့် အာဏာသိမ်းစစ်တပ် စစ်ကြောင်းအကျအဆုံးများပြီး ပြန်နောက်ဆုတ်သွား | YGN Daily