မြောက်ဒဂုံတွင် ပလုံကောက်နေသည့် သားအမိ ကားတိုက်ခံရပြီး မိခင် သေဆုံး
general||2 MIN READ

မြောက်ဒဂုံတွင် ပလုံကောက်နေသည့် သားအမိ ကားတိုက်ခံရပြီး မိခင် သေဆုံး

DVB
SourceDVB
Back to News

AI Summary

ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်တွင် မေလ ၃၀ ရက်နေ့က ညဘက် ပလုံကောက်နေသည့် သားအမိနှစ်ဦးကို ကားတစ်စီးက ဝင်တိုက်ခဲ့ရာ မိခင်ဖြစ်သူ သေဆုံးပြီး သမီးဖြစ်သူမှာ ဆေးရုံတင်ထားရသည်။ နေ့ဘက်နေပူ၍ ညဘက် ဦးဝိစာရလမ်းပေါ်တွင် ပလုံကောက်နေစဉ် ကားဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး မိခင်မှာ ဒဏ်ရာပြင်းထန်၍ လမ်းတွင်ပင် သေဆုံးခဲ့သည်။ ကလေးငယ်ကို မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ထားပြီး ကားသမားမှာ တိုက်ပြီး ထွက်ပြေးသွားခဲ့ကာ လက်ရှိအချိန်ထိ ဖမ်းမမိသေးပေ။ ယခုဖြစ်စဉ်သည် မေလ ၆ ရက်မှ ၃၀ ရက်အတွင်း ရန်ကုန်တွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု ၈ ကြိမ်တွင် ပါဝင်ပြီး အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦးနှင့် ကလေးငယ် ၁ ဦး သေဆုံးခဲ့သည်။

Photo : ဝန်းရံမှူး လူမှုကူညီကယ်ဆယ်ရေးအသင်း

ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်မှာ မေ ၃၀ ရက်နေ့က ပလုံကောက်နေတဲ့ သားအမိကို ကားတစီးက ဝင်တိုက်ခဲ့လို့ အမေဖြစ်သူ သေဆုံးပြီး သမီးဖြစ်သူ ဆေးရုံတင်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနက် ၁၂ နာရီကျော်က ဦးဝိစာရလမ်းပေါ်မှာ ပလုံကောက်ပြီး တွန်းလှည်းနဲ့ ပြန်လာတဲ့ သားအ မိနှစ်ယောက်ကို ကားတစီးက ဝင်တိုက်ခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“ညဘက် ပလုံကောက်တဲ့ သားအမိနှစ်ယောက်ကို ကားတစီးက ဝင်တိုက်သွားတာ။ အမေဖြစ်သူ သေတယ်။ ကလေးမလေး ဒဏ်ရာရတယ်။ မနက်ဘက်ဆို နေအရမ်းပူလို့ ညဘက်ရောက်မှ သားအမိနှစ်ယောက် ပလုံထွက်ကောက်တာ။ အခုနောက်ပိုင်း ညဘက် ပလုံကောက်တဲ့သူတွေ ရှိပါတယ်” လို့  ပြောပါတယ်။

မိခင်ကိုရော ကလေးငယ်ကိုပါ အချိန်မီ ဆေးရုံပို့ပေးခဲ့ပေမဲ့ မိခင်ဖြစ်သူမှာ ဒဏ်ရာပြင်းထန်တာကြောင့် လမ်းမှာတင် သေဆုံးသွားပြီး ကလေးငယ်ကို မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးလုပ်ပေးသူတယောက်က DVB ကိုပြောပါတယ်။

“အမေဖြစ်သူက ဒဏ်ရာအတော်များလို့ လမ်းမှာပဲ ဆုံးသွားတယ်။ သူ့အိမ်ကိုပဲ သင်္ဂြိုဟ်ရအောင် Dead Body ပြန်ပေးလိုက်တယ်။ ကလေးကို မြောက်ဥက္ကလာဆေးရုံ ပို့ပေးထားတယ်။ ကားသမားက တိုက်ပြီး ထွက်ပြေးသွားတယ်၊ မမိဘူး” လို့ ပြောပါတယ်။

မေ ၂၆ ရက်ကလည်း အင်းစိန်မြို့နယ်၊ တညင်းကုန်းဈေးနားမှာ ပြိုင်ဘီးစီးလာတဲ့ အသက် ၇၀ အရွယ် အမျိုးသားတယောက် ၂၂ ဘီးကား ကြိတ်ခံရလို့ သေဆုံးခဲ့ပါတယ်။

ရန်ကုန်မှာ မေ ၆ ရက်ကနေ မေ ၃၀ အတွင်း မှော်ဘီ၊ အင်းစိန်၊ တိုက်ကြီး၊ သန်လျင်၊ ဥက္ကံ၊ ရွှေပြည်သာနဲ့ မြောက်ဒဂုံတို့မှာ ယာဥ်တိုက်မှု ၈ ကြိမ်ဖြစ်ခဲ့ပြီး အမျိုးသား ၆ ယောက်၊ အမျိုးသမီး ၂ ယောက်နဲ့ ကလေးငယ် ၁ ယောက် သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
မြောက်ဒဂုံတွင် ပလုံကောက်နေသည့် သားအမိ ကားတိုက်ခံရပြီး မိခင် သေဆုံး | YGN Daily