ငါးသိုင်းချောင်း အမြောက်တပ်မှ တပ်သား  ၃ ဦးထွက်ပြေး၊  ၁ ဦးပစ်သတ်ခံရ
politics||2 MIN READ

ငါးသိုင်းချောင်း အမြောက်တပ်မှ တပ်သား  ၃ ဦးထွက်ပြေး၊  ၁ ဦးပစ်သတ်ခံရ

DVB
SourceDVB
Back to News

AI Summary

ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ အမတ ၃၄၄ အမြောက်တပ်မှ စစ်မှုထမ်းလူငယ် ၃ ဦး ဇွန်လ ၁၀ ရက်နေ့တွင် ထွက်ပြေးခဲ့ရာ တပ်မတော်မှ ပစ်ခတ်ဖမ်းဆီးခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် စစ်မှုထမ်းသင်တန်းဆင်း လူငယ်တစ်ဦး သေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာ လွတ်မြောက်သွားခဲ့သည်။ ထွက်ပြေးသူများမှာ တပ်မှ ထွက်ပြေးရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပစ်ခတ်ဖမ်းဆီးခံရခြင်းဖြစ်သည်။ လက်ရှိတွင် လွတ်မြောက်နေသူ ၂ ဦးကို ပြန်လည်ဖမ်းဆီးနိုင်ရန် စစ်ဆေးရေးဂိတ်များနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် အင်အားဖြည့်တင်း၍ ရှာဖွေမှုများ လုပ်ဆောင်နေသည်။

Photo: CJ

ဧရာဝတီတိုင်း ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အခြေစိုက် အမြောက်တပ် အမတ ၃၄၄ ကနေ ဇွန် ၁၀ ရက် ညနေပိုင်းမှာ တပ်သား ၃ ယောက်ထွက်ပြေးခဲ့လို့ ပစ်ခတ်ဖမ်းဆီးခဲ့တာမှာ စစ်မှုထမ်း လူငယ်တယောက် သေဆုံးသွားပြီး ၂ ယောက် လွတ်မြောက်သွားတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီ က သိရပါတယ်။

အမြောက်တပ်နဲ့ နီးစပ်သူတယောက်က  “ပြေးတာသိသိချင်းလိုက်တာ။ ညနေ ၁၀ နာရီကျော်ကျော် မှာ ပြန်ဖမ်းခံရတာ။ စစ်တပ်က လိုက်ပြီး သေနတ်နဲ့ပစ်ခတ်ဖမ်းတာ။ တခါတည်း ပစ်သတ်ခံရတာလို့ သိရတယ်။ အတူတူပြေးတဲ့အဖွဲ့ထဲက ၂ ယောက်က လွတ်သွားတယ်” လို့ ပြောပါတယ်။

ထွက်ပြေးသွားတဲ့ တပ်သားကို ငါးသိုင်းချောင်းမြို့၊ သီတာကုန်းပြင်ကျေးရွာအနီးမှာ ပစ်သတ် ဖမ်းမိ ခဲ့တာဖြစ်ပြီး အဖမ်းမခံဘဲ ဆက်လက်ထွက်ပြေးတာကြောင့် ပစ်သတ်လိုက်တာလို့ တပ်နဲ့ နီးစပ်သူ ဆီက သိရပါတယ်။

ဒေသခံတယောက်က “ အမြောက်တပ် အနားမှာက ရှုပ်ယှက်ခတ်နေပါတယ်။ အမြောက်တပ်အနား မှာက တိုက်ပွဲကလည်းဖြစ်နေတာ။ ပစ်သတ်ခံရတဲ့တပ်သားက စစ်မှုထမ်းလူငယ်လို့ သိရတယ်”လို့ ပြောပါတယ်။

ပစ်သတ်ခံရတဲ့တပ်သားဟာ စစ်မှုထမ်းအပတ်စဉ် ၇ သင်တန်းဆင်းလူငယ်ဖြစ်ပြီး ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဇာတိ အသက် ၂၈ နှစ်အရွယ် ဖြစ်တယ်လို့ သိရပါတယ်။

ထွက်ပြေး လွတ်မြောက်သွားတဲ့ ၂ ယောက်ကို ပြန်လည် ဖမ်းဆီးရမိစေဖို့ ငါးသိုင်းချောင်းမြို့က စစ်ဆေးရေးဂိတ်တွေမှာ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို ထပ်မံအင်အားဖြည့်စစ်ဆေးနေပြီး အမတ ၃၄၄ အမြောက်တပ်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ လိုက်လံရှာဖွေနေ ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ငါးသိုင်းချောင်း အမြောက်တပ်မှ တပ်သား  ၃ ဦးထွက်ပြေး၊  ၁ ဦးပစ်သတ်ခံရ | YGN Daily