ကျောက်ဖြူ ဒေသခံ ၂ ဦးကို လွတ်ရက်စေ့သော်လည်း ပြန်မလွတ်ဘဲ ဆက်လက် ဖမ်းဆီးတရားစွဲဆိုထောင်ချ
myanmar||3 MIN READ

ကျောက်ဖြူ ဒေသခံ ၂ ဦးကို လွတ်ရက်စေ့သော်လည်း ပြန်မလွတ်ဘဲ ဆက်လက် ဖမ်းဆီးတရားစွဲဆိုထောင်ချ

Narinjara
SourceNarinjara

AI Summary

ကျောက်ဖြူဒေသခံ ၂ ဦး လွတ်ရက်စေ့သော်လည်း ပြန်မလွှတ်။ အာဏာပိုင်များ ထပ်မံဖမ်း၊ ပုဒ်မအသစ်ဖြင့် ထောင်ချ။ ဤလုပ်ရပ် ဥပဒေမဲ့၊ အခြားသူများအတွက် စိုးရိမ်။

နိရဉ္စရာ၊ မေ ၂၉/ ၂၀၂၆

ရခိုင်ပြည်ကျောက်ဖြူမြို့မှ ဒေသခံ ၂ ဦးအား လွတ်ရက်စေ့သော်လည်း ပြန်မလွှတ်ဘဲ အာဏာသိမ်း မအလအစိုးရမှ ဆက်လက်ဖမ်းဆီးကာ တရားစွဲဆို ထောင်ချထားကြောင်း သတင်းရရှိသည်။

၎င်းတို့နှစ်ဦးမှာ ကျောက်ဖြူမြို့၊အလယ်ပိုင်းရပ်ကွက်မှ ဦးမောင်မဲ(၆၈)နှစ်နှင့် ကျောက်ဖြူမြို့၊စေတီတောင်ရပ်ကွက်မှ ဦးကျော်လှအောင်တို့ဖြစ်ကြသည်။

ကျောက်ဖြူမြို့၊အလယ်ပိုင်းရပ်ကွက်မှ ဦးမောင်မဲ(၆၈)နှစ်သည်ကျောက်ဖြူမြို့ တောင်ပိုင်းရပ်ကွက်နေ ဦးမြဝင်း (၄၈)နှစ်နှင့်အတူ အာရက္ခတပ်တော်(AA)အား ထောက်ပံ့သည်ဟု စွပ်စွဲပြီး စစ်တပ်က  ၂၀၂၃ခုနှစ်၊နိုဝင်ဘာ ၂၄ရက်နေ့တွင် ဖမ်းဆီးပြီးမတရားအသင်းပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုကာ စစ်တွေမြို့နယ်တရားရုံးမှ အမြင့်ဆုံးထောင်ဒဏ် (၃)နှစ်ချမှတ်ခဲ့သည်ဟုသိရသည်။

ထိုနှစ်ဦးအထဲမှဦးမောင်မဲမှာ၂၀၂၆ ခုနှစ် မေလ ၂၉ ရက်နေ့တွင် လွတ်ရက်စေ့သော်လည်း ပြန်မလွတ်ဘဲဆက်လက်တရားစွဲဆိုကာ ထိန်းသိမ်းထားသည်ဟု နီးစပ်သူ တစ်ဦးက နိရဉ္စရာကို ပြောသည်။

“ ကျောက်ဖြူမြို့နယ် အထက်အမိန့်အရ ပြန်လည်ဖမ်းဆီးပြီး ကျောက်ဖြူခရိုင်တရားရုံးမှာ ပုဒ်မ၅၀(ည)အပြင် တစ်ခြားမတရားပုဒ်မတွေနဲ့တရားစွဲဆိုပြီး ကျောက်ဖြူအကျဉ်းထောင်မှာ ထပ်မံထိန်းသိမ်းခြင်းခံထားရပါတယ်”ဟု ပြောသည်။

အလားတူဖြစ်ရပ်မျိုး ပုဒ်မ၁၇(၁)ဖြင့် ၃နှစ်ပြစ်ဒဏ်ကျခဲ့သော ကျောက်ဖြူမြို့၊စေတီတောင်ရပ်ကွက်မှ ဦးကျော်လှအောင်ကိုလည်းလွတ်ရက်စေ့သော်လည်း ပြန်မလွတ်ဘဲ ထပ်မံ တရားစွဲဆိုကာ ထပ်မံထောင်ဒဏ် ၁၀နှစ်ချမှတ်ခဲ့သည်ဟု သိရသည်။

ဦးကျော်လှအောင်သည်လွန်ခဲ့သည့် ၂၀၂၆ဧပြီလ ၇ရက်နေ့တွင် ကျောက်ဖြူမြို့အကျဉ်းထောင်မှ လွတ်ရက်စေ့သော်လည်းပြန်မလွှတ်ဘဲ ကျောက်ဖြူမြို့ရဲစခန်းမှ ပြန်လည်ဖမ်းဆီးပြီး ပုဒ်မ(၅၀) အပြင်တခြားပုဒ်မ ၂ခုဖြင့် တရားရုံးမှဥပဒေမဲ့ ထပ်မံထောင်ဒဏ် ၁၀နှစ်ချမှတ်ခဲ့သည်ဟုသိရသည်။

“ အခုလို ထောင်ကနေ ပြစ်ဒဏ်ကျခံပြီး ဒေသခံပြည်သူတွေကို ထပ်မံ တရားစွဲဆို ထောင်ချတာက ဥပဒေမဲ့လုပ်ရပ်ဖြစ်ပါတယ်။ ဒီမတရားသဖြင့် လုပ်ကိုင်ဆောင်ရွက်နေတဲ့အတွက်မကြာခင်လွက်ရက်စေ့မယ့်၁၇(၁)နဲ့ ထောင်ဒဏ်ကျခံနေရသူတွေလည်း အလားတူဖြစ်ရပ်မျိုး ကြုံတွေ့မှာကိုကို စိုးရိမ်ကြောင့်ကြနေရပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယခုလို ထင်ရာစိုင်းလုပ်ကိုင်နေမှုများသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို များစွာထိခိုက်ပျက်ပြားစေရုံသာမက အစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင်မှုအပေါ်ထိခိုက်နေကာ အာဏာကို အမျိုးမျိုးအသုံးချသောဦးမင်းအောင်လှိုင်ဦးဆောင်သော အစိုးရအဖွဲ့ကိုလည်း မည်သူမျှပင် မယုံကြည်ကြတော့တော့ကြောင်း၎င်းက ထပ်လောင်းပြောဆိုသည်

ဆက်စပ်သတင်းများ

AI Curated
ကျောက်ဖြူ ဒေသခံ ၂ ဦးကို လွတ်ရက်စေ့သော်လည်း ပြန်မလွတ်ဘဲ ဆက်လက် ဖမ်းဆီးတရားစွဲဆိုထောင်ချ | YGN Daily