မန္တလေးတိုင်းအတွင်း     PLA  နှင့်ဖြစ်ပွားသည့်         တိုက်ပွဲအတွင်း စစ်သား ၁၀ဦးထက်မနည်းသေဆုံး
myanmar||2 MIN READ

မန္တလေးတိုင်းအတွင်း PLA  နှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်သား ၁၀ဦးထက်မနည်းသေဆုံး

Narinjara
SourceNarinjara

AI Summary

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် မေလ ၃၁ ရက်နှင့် ဇွန်လ ၁ ရက်နေ့များက ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ညောင်ဦးမြို့နယ်မှ တံတားကျေးရွာဖက်သို့ အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို PLA မဟာမိတ်တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်မှ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း PLA က ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ PLA ဘက်မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ရန်သူ့စစ်အသုံးအဆောင်ပစ္စည်းနှင့် ခဲယမ်းအနည်းငယ်ကို သိမ်းဆည်းရမိခဲ့သည်။ ဤတိုက်ပွဲတွင် PLA၊ Popa Guerilla Force (PGF)၊ 21 Bagan တပ်ဖွဲ့၊ ဂဠုန်ပြောက်ကျားတပ်ဖွဲ့နှင့် မြင်းခြံခရိုင်တပ်ရင်း ၃ တို့ ပူးပေါင်းပါဝင်ခဲ့ကြသည်။

နိရဉ္စရာ၊ဇွန်၂/ ၂၀၂၆

မန္တလေးတိုင်းအတွင်း ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA)၏  မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များနှင့် ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်မှ စစ်သား ၁၀ဦး ထက်မနည်း သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

၎င်းတိုက်ပွဲသည် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊တောင်သာမြို့နယ်တွင်မေလ၃၁ရက်နေ့နှင့်ဇွန်လ၁ရက်နေ့တို့တွင်ဖြစ်ပွားခဲ့သည်ဟုပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA )ဇွန်၂ရက်နေ့တွင်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ညောင်ဦးမြို့နယ်၊တောပြားကျေးရွာမှငါ့သရောက် - ဝဲလောင်လမ်းမကြီးအတိုင်းတံတား ကျေးရွာဖက်သို့အင်အား (၃၀၀) ခန့်ဖြင့်စစ်ကြောင်းထိုးလာသောအာဏာသိမ်းစစ်တပ် စစ်ကြောင်းနှင့် PLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအကြား မေ ၃၁ရက်နေ့တွင် ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

Narinjara News Image

တိုက်ပွဲဖြစ်ပွားချိန်၁၅မိနစ်ခန့်ကြာမြင့်ခဲ့ပြီးမိမိတို့ရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇွန်လ၁ရက်နေ့တွင်၎င်းစစ်ကြောင်းသည်တံတားကျေးရွာမှအရှေ့ဖက်သို့စစ်ကြောင်းထွက်လာရာထပ်မံ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

တိုက်ပွဲတွင်ရန်သူ့ဘက်မှ၁၀ဦးထက်မနည်းကျဆုံးသည်ကိုမျက်မြင်အတည်ပြုနိုင်ခဲ့ပြီးရန်သူ့စစ်အသုံးအဆောင်ပစ္စည်းအနည်းငယ်နှင့်ခဲယမ်းအနည်းငယ်ကိုသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ယခုတိုက်ပွဲတွင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊Popa Guerilla Force (PGF)၊21 Bagan တပ်ဖွဲ့၊ဂဠုန်ပြောက်ကျားတပ်ဖွဲ့၊မြင်းခြံခရိုင်တပ်ရင်း၃တို့ပူးပေါင်းဖော်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

AI Curated
မန္တလေးတိုင်းအတွင်း PLA  နှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်သား ၁၀ဦးထက်မနည်းသေဆုံး | YGN Daily