
AI Summary
အာရက္ခပြည်သူ့ကျန်းမာရေးဌာနသည် ဇွန်လ ၇ ရက်နှင့် ၈ ရက်နေ့များတွင် တောင်ကုတ်ခရိုင်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ စစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူများအား အခမဲ့ဆေးကုသမှုများ ပြုလုပ်ပေးခဲ့သည်။ ယင်းကုသမှုများတွင် အရေပြားရောဂါနှင့် ငှက်ဖျားရောဂါများကို စစ်ဆေးကုသပေးခဲ့ပြီး လူ ၄၆ ဦးအား ငှက်ဖျားစစ်ဆေးရာ ၅ ဦးတွင် ပိုးတွေ့ရှိခဲ့သည်။ ထို့အပြင် ARE နှင့် HDCO အဖွဲ့တို့ကလည်း ခြင်ထောင်များ ဖြန့်ဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနသည် အာရက္ခပြည်အတွင်းရှိ မြို့ရွာဒေသများ၌ ကာကွယ်ဆေးထိုးခြင်း၊ မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှု၊ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အခြေခံဆေးကုသမှုလုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။ ဤလုပ်ငန်းများသည် စစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ရည်ရွယ်သည်။
နိရဉ္စရာ၊ဇွန်၁၁/၂၀၂၆
အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ တောင်ကုတ်ခရိုင်အတွင်းရှိ ကျေးရွာ၁၂ရှိစစ်ဘေးရှောင်များနှင့်ဒေသခံပြည်သူများအားအခမဲ့ဆေးကုသပေးနေကြောင်း သတင်းရရှိသည်။
ဆေးကုသပေးရာတွင်အရေပြားရောဂါနှင့်ငှက်ဖျားရောဂါများကိုစစ်ဆေး ကုသပေးခဲ့ခြင်းဖြစ်ပြီး ဇွန်လ၇ ရက်နှင့် ၈ ရက်နေ့များတွင် ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဆေးကုသမှုလုပ်ငန်းစဉ်အတွင်း လူ ၄၆ ဦးအားငှက်ဖျားရှိ/မရှိ စစ်ဆေးပေးခဲ့ပြီး ထိုအထဲမှ ၅ ဦးတွင် ငှက်ဖျားပိုးတွေ့ရှိခဲ့သည်ဟု အာရက္ခပြည်သူ့ကျန်းမာရေးဌာနတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယင်းပြင် ARE နှင့် HDCO အဖွဲ့တို့မှလည်း CYC ခြင်ထောင်များကို အခမဲ့ဖြန့်ဝေထောက်ပံ့ခြင်းနှင့်ကျန်းမာရေးအသိ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနသည် အာရက္ခပြည်အတွင်းမြို့ရွာဒေသများ၌ စစ်ရှောင်ပြည်သူများနှင့်ဒေသခံပြည်သူလူထုများအား ကာကွယ်ဆေးထိုးပေးခြင်း၊ ကလေးနှင့်မိခင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ အခြေခံဆေးကုသပေးခြင်းနှင့်အထွေထွေရောဂါကုသပေးခြင်းများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်းAPM တွင် သတင်းဖော်ပြထားသည်။