
AI Summary
မေ ၂၈ ရက်တွင် ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဆိပ်ကမ်းအပြင်ဘက်၌ MT Meghna Trader သင်္ဘော မီးလောင်ခဲ့သည်။ ကမ်းခြေစောင့်တပ် မီးငြှိမ်းသတ်ပြီး သင်္ဘောသား ၂၂ ဦးကို ကယ်တင်ခဲ့သည်။ မီးလောင်ရသည့် အကြောင်းရင်း မသိရသေး။
( သင်္ဘောသား ၂၂ ဦးကို ဘေးကင်းစွာကယ်တင်နိုင်ခဲ့)
နိရဉ္စရာ၊ မေ ၂၈ / ၂၀၂၆)
မေ ၂၈ ရက်၊ ကြာသပတေးနေ့နံနက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စ စ်တကောင်းဆိပ်ကမ်း၏ အပြင်ဘက် တွင် က ျောက်ချရ ပ်နားနေသည့် MT Meghna Trader အမည်ရှိ စားအုံး ဆီ တင်သင်္ဘော မီးလောင်မှုဖြစ်ပွားခဲ့သည်။
အရာရှိများ၏ အဆိုအရ နံနက် ၇:၂၅ နာရီခန့်တွင် သင်္ဘော ပေါ်တွင် မီး စတင် လောင်ခဲ့ ပြီး ၄ နာရီခန့် အကြာ ၁၁ နာရီ ၃၀ မိနစ်တွင် မီးကို ငြိမ်းသတ်နိုင်ခဲ့ဟု ဆိုသည်။
ဖြစ်ရပ်ဖြစ်ပွားပြီးပြီးချင်း ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်မှ တပ်ဖွဲ့များသည် အခင်း ဖြစ်ပွားရာနေရာသို့ အပြေးအလွှားသွားရောက်ကာ မီးငြှိမ်းသတ်ရေးလုပ်ငန်းများ စတင်ခဲ့သည်။

မီးသတ်ရာတွင် မီးသတ်တပ်ဖွဲ့များနှင့် Shyamol Bangla နှင့် BCGT Promatta စသော မီးသတ်သင်္ဘောများပါဝင် ငြိမ်းသတ်ခဲ့သည်ဟု ဆိုသည်။
သင်္ဘောပေါ်ရှိ သင်္ဘောသား ၂၂ ဦးစလုံးကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း ကမ်းခြေစောင့်တပ်က အတည်ပြုခဲ့သည်။
၎င်းစားအုံးဆီများကို အင်ဒိုနီးရှားက တင်ဆောင်လာခဲ့သည်ဟု သိရသည်။
သို့သော် မီးလောင်မှု၏ အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုပမာဏကို ချက်ချင်းမသိရသေး ဟု သတင်းတွင် ဖော်ပြထားသည်။
Ref: Dhaka Tribune and Photo: Bangladesh Media