
AI Summary
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်မှ ပါတီဆိုင်းဘုတ်နှင့် အလံများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇွန်လ ၁၂ ရက် ညပိုင်းတွင် လာရောက်ဖြုတ်ချခဲ့သည်။ အဆိုပါလုပ်ရပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့မတိုင်မီ ရက်ပိုင်းအလိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီသည် NLD ပါတီကို ဖျက်သိမ်းပြီးနောက် ပါတီခေါင်းဆောင်များကို ဖမ်းဆီးထောင်ချထားသည့်အပြင် နိုင်ငံတစ်ဝန်းရှိ ပါတီရုံးများနှင့် သင်္ကေတများကိုလည်း ဖျက်ဆီးလျက်ရှိသည်။ ယင်းလုပ်ရပ်ကြောင့် ပါတီ၏ သင်္ကေတများ ပျက်စီးဆုံးရှုံးခဲ့ရပြီး လက်ရှိတွင် ရုံးချုပ်၌ ပါတီဆိုင်းဘုတ်နှင့် အလံများ မရှိတော့သည့် အခြေအနေဖြစ်သည်။
ထင်ရှားသော ပြောကြားချက်များ
"အချိန်ကတော့ ၁၀ နာရီပတ်ဝန်းကျင်လောက်ရှိမယ် သူတို့လာဖြုတ်သွားတာ။ ဘာကြောင့်လဲတော့မသိဘူး။ အင်အားတော့နည်းနည်းများတယ်"

ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းမပေါ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်ရှိ ဆိုင်းဘုတ်နဲ့ ပါတီအလံကို စစ်အာဏာရှင်ဘက်က ဖြုတ်ချခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဇွန် ၁၂ ရက် ညပိုင်းက စစ်အာဏာရှင်တပ်သားတွေက လာရောက်ဖယ်ရှား ရှင်းလင်းပစ်ခဲ့တာလို့ ဆိုပါတယ်။
ဗဟန်းမြို့နယ်မှာနေထိုင်သူတယောက်က "အချိန်ကတော့ ၁၀ နာရီပတ်ဝန်းကျင်လောက်ရှိမယ် သူတို့လာဖြုတ်သွားတာ။ ဘာကြောင့်လဲတော့မသိဘူး။ အင်အားတော့နည်းနည်းများတယ်" လို့ ပြောပါတယ်။
ဇွန် ၁၉ ရက်မှာ ကျရောက်မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့်မွေးနေ့ပွဲမရောက်ခင် ရက်ပိုင်းအလိုမှာ စစ်ကောင်စီဘက်က ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာရှင်က NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေကို ဖမ်းဆီးထောင်ချပြီး ပါတီကို ဖျက်သိမ်းခဲ့ကာ နိုင်ငံတဝန်းက NLD ပါတီရုံးတွေ၊ ပါတီအလံတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်တွေကိုလည်း ဖျက်ဆီးပစ်ခဲ့တာ ဖြစ်ပါတယ်။